In partnership with  logo
ဆိုရှယ်မီဒီယာတွေကတဆင့် သဘောထားချင်းတိုက်ဆိုက်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်မိလာကြပါတယ်။

၁. အမျိုးသမီးတွေကြားမှာ သီးသန့်အုပ်စုဖွဲ့လာတယ်

ဒီဂျစ်တယ်မီဒီယာတွေပေါ်လာတဲ့အခါမှာ ဘလော့တွေ၊ ဆိုရှယ်မီဒီယာတွေကတဆင့် သဘောထားချင်းတိုက်ဆိုက်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်မိလာကြပါတယ်။ အလှအပ၊ ဖက်ရှင် အကြောင်းအရာကနေ၊ မိသားစု၊ လုပ်ငန်းခွင် နဲ့ လူမှုရေးပြဿနာတွေအထိ အချင်းချင်း သဘောထားဖလှယ်တာ၊ အကြံပြုတာ၊ သတိပေးတာတို့ လုပ်လာကြပါတယ်။

 

၂. အမျိုးသမီးအခွင့်ရေးအပိုင်းမှာ အသိပညာပိုပြီး ကျယ်ပြန့်လာတယ်

အင်တာနက်ရဲ့ မြန်ဆန်မှုကြောင့် အခုဆိုရင် တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ သတင်းတွေ၊ လက်ရှိအခြေအနေတွေကို ကို ပိုပြီး သိလာရပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ခေါင်းဆောင်မှုအပိုင်း၊ တန်းတူညီမျှမှု၊ အကြမ်းဖက်မှု စတာတွေကို အခွင့်အရေးရရှိဖို့လုပ်ဆောင်ချက်၊ အဆိုပြုချက်၊ ဆန္ဒထုတ်ဖော်တာတွေကို မြင်တွေ့လာရပါတယ်။

 

၃. ခေါင်းဆောင်မှုအပိုင်းမှာ ပိုပြီး လွှမ်းမိုးမှုရှိစေတယ်

အမျိုးသမီးတစ်ယောက်ဟာ တခါတရံမှာ ပတ်ဝန်းကျင်မှာ နေ့စဉ်ရင်ဆိုင်နေတဲ့ သူတွေကြားမှာပဲ သြဇာလွှမ်းမိုးမှု ရှိနိုင်သလို၊ ဒီဂျစ်တယ်မီဒီယာရဲ့ ချိတ်ဆက်မှုကတဆင့် တခြားနယ်ပယ်ကသူတွေပေါ်မှာပါ လွှမ်းမိုးမှုရှိစေပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုအရ အမျိုးသမီးတွေကို ပတ်ဝန်းကျင်မှာ ခွင့်မပြုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ အမြင်တွေ၊ အသိပညာ၊ ဗဟုဟုသုတတွေကို Facebook တို့၊ Twitter တို့ကနေတဆင့် ထုတ်ဖော် တင်ပြလာကြပါတယ်။

 

၄. ကိုယ်ပိုင်စီးပွားရေး ထူထောင်ဖို့ နည်းလမ်းတွေရလာတယ်

ဒီနေရာမှာတော့ ဒီနေ့ Facebook မှာရှိတဲ့ bloggers တွေနဲ့ online shop တွေကို ဥပမာပေးချင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဒီဂျစ်တယ်မီဒီယာရဲ့ ချိတ်ဆက်မှုကြောင့် လူအများအပြားကို လွှမ်းမိုးမှုရှိစေတာဟာ ကိုယ်ပိုင်စီးပွားရေးကို ထူထောင်ဖို့ နည်းလမ်းတွေရလာစေပါတယ်။ ကိုယ့်ရဲ့ brand တခုကို ကျယ်ပြန့်အောင်လာအောင်လုပ်ဖို့ အတွက် ဒီဂျစ်မီဒီယာဟာ အလျင်မြန်ဆုံး၊ အလွယ်ကူဆုံးနဲ့ စရိတ်အနည်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

၅. အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပိုရလာတယ်

23.jpg 

ဒီဂျစ်တယ်ခေတ်မှာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အခွင့်အလမ်းကောင်းပိုပြီး ပွင့်လင်းလာပါတယ်။ အထူးသဖြင့် အသက်ငယ်တဲ့မိန်းကလေးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာကြတာကို တွေ့ရပါတယ်။ ဒီဂျစ်တယ်မီဒီယာ ရဲ့ ချိတ်ဆက်နိုင်တဲ့ စွမ်းအားကြောင့် အဆက်အသွယ်တွေရလာနိုင်သလို ၊ လုပ်ငန်းရှင်တွေကလည်း ကိုယ့်ကို တိုက်ရိုက်ဆက်သွယ်လာနိုင်တာကြောင့် အခွင့်အလမ်းကောင်းတွေ ပိုပြီးရရှိလာနိုင်တာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က