In partnership with  logo
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ယဉ်ကျေးမှုအရ မြန်မာမိန်းကလေးတွေကို ဒီလိုအပြောလေးတွေ မကြာခဏကြားလေ့ရှိပါတယ်။

လူကြီးမိဘဆိုဆုံးမတဲ့အခါမှာ ရိုရိုသေသေဆက်ဆံဖို့ ကျွန်မတို့ မိန်းကလေးတွေဘက်က လိုအပ်သလို၊ တခါတလေမှာတော့ တချို့အချက်လေးတွေက မိန်းကလေးမို့လို့ တားမြစ်ထားတာ၊ ခွဲခြားတွေဖြစ်တယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ယဉ်ကျေးမှုအရ မြန်မာမိန်းကလေးတွေကို ဒီလိုအပြောလေးတွေ မကြာခဏကြားလေ့ရှိပါတယ်။



(၁) ညဘက်အိမ်ပြန်နောက်ကျတဲ့အခါ

1.jpg 

“ညသန်းခေါင် ပြန်လာတာ မိန်းမကောင်းမဟုတ်ဘူး။” ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက် အိမ်ပြန်ချိန် နောက်ကျတဲ့အခါ ပတ်ဝန်းကျင်က ကဲ့ရဲ့တတ်ကြပါတယ်။



(၂) အိမ်မှုကိစ္စ နိုင်နင်းရမယ်

housewife.gif 

“မိန်းကလေးက အိမ်မှာ ကူလုပ်ပေးရမှာပေါ့။” ဒီနေ့ခေတ်လို အမျိုးသားရော၊ အမျိုးသမီးပါ အလုပ်ထွက်လုပ်နေကြတဲ့ မိသားစုမှာ အိမ်မှုကိစ္စကို အမျိုးသမီးတွေရဲ့ တာဝန်လို့ပဲ အများက သတ်မှတ်ကြပါတယ်။

 

(၃) အိမ်ထောင်ပြုချိန်တန်တဲ့အခါ

50.jpg 

“အိမ်ထောင်ပြုဖို့ လုပ်တော့လေ။” ဒီစကားကို အသက် ၂၅နှစ်အထက် မိန်းကလေးတိုင်း မိဘဆွေမျိုး အသိုင်းအဝိုင်းတွေကြားမှာ မကြာခဏ ကြားလေ့ရှိပါတယ်။ မြန်မာ့ ယဉ်ကျေးမှုအရ မိဘတွေဘက်ကတော့ ထိမ်းမြားခြင်းလျှဝတ်ငါးအင် ဆိုတဲ့ မိဘဝတ် (၅)ပါး အတိုင်း ဖြစ်စေချင်တဲ့ ဆန္ဒပါ။ ဒါပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ သူတပါးရဲ့ တိုက်တွန်းမှုကြောင့် လွယ်လွယ်ကူကူ မဆုံးဖြတ်သင့်ပါဘူး။

 

(၄) အလုပ်အကိုင်နဲ့ ပတ်သက်လာရင်

7.jpg 

“မိန်းကလေးပဲ အချိန်တန် ယောက်ျားလုပ်စား စားလို့ရတယ်။” မိန်းမတစ်ယောက်ဟာ ပညာရေးပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ပဲဖြစ်ဖြစ် သူ့ယောက်ျားထက် ပိုတတ်စရာမလိုဘူးလို့ ယူဆတတ်ကြပါတယ်။

 

(၅) ထမီတွေကို ခွဲလျှော်တယ်

seriously.gif 

“ထမီတွေ၊ စကဒ်တွေ ယောက်ျားလေး အဝတ်တွေနဲ့ ရောမလျှော်ရဘူး။ ဘုန်းနိမ့်တတ်တယ်။”

ဒီမှာ မေးချင်တာက ယောက်ျားတစ်ယောက်ကို ဘုန်းတန်ခိုး မြင့်တယ်၊ နိမ့်တယ်ဆိုတာ ဘယ်လို တိုင်းပါသလဲ။ မိန်းမတစ်ယောက်ရဲ့အသုံးအဆောင်တွေက ညစ်ပတ်တာမဟုတ်ပါဘူး။ သဘာဝကပေးတဲ့ ခန္ဓာကိုယ်ဖြစ်တည်မှုပေါ်မူတည်ပြီး ကျား၊မ ခွဲခြားဆက်ဆံမှုတွေဖြစ်ပါတယ်။ ဒီကိစ္စကို ဘာသာရေးနဲ့ နွယ်ပြီး အငြင်းပွားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ လူတွေကပဲ သတ်မှတ်တဲ့ ရိုးရာ၊ အယူအဆသတ်သတ်ပါ။

Share

Loading Next Article...
က္က