In partnership with  logo
အမျိုးသမီးတွေရဲ့ နေ့စဉ်လူမှုဘဝမှာ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေကို ထုတ်ဖော်ရေးသားကြတယ်။

အပြောင်းအလဲအတွက် လှုပ်ရှားမှုတွေကို အင်တာနက်ပေါ်ကနေ တောင်းဆိုလှုပ်ရှားကြတဲ့ခါ hashtag (#) ကို အသုံးပြုကြပါတယ်။ အမျိုးသမီးတွေအတွက် အခွင့်အရေး၊ ရပိုင်ခွင့်တွေကို လှုပ်ရှားတဲ့အခါ လက်ရှိမှာ အများဆုံး တွေ့ရတဲ့ hashtag ကမ်ပိန်း ၃ ခု ရှိပါတယ်။ အဲ့တာတွေကတော့ #MeToo ၊ #Time'sUp နဲ့ #TimeIsNow တို့ ဖြစ်ပါတယ်။

၁။ Me Too

metoo.jpg 

လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို ဆန့်ကျင်ကြောင်း လှုပ်ရှားတဲ့ ကမ်ပိန်း ဖြစ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ထဲက လိင်နှောင့်ယှက်မှုတွေကို ဆန့်ကျင်ကြောင်း လှုပ်ရှားကြတာပါ။ ဟောလိဝုဒ်က ထုတ်လုပ်သာ ဟာဗေးရဲ့ လိင်နှောင့်ယှက်မှု ခံခဲ့ရတဲ့ အမျိုးသမီးတွေက ဒီကမ်ပိန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တာပါ။ လိင်ပိုင်းဆိုင်ရာစော်ကားကျုးလွန်ခံရဖူးသူတွေဟာ သူတို့ရဲ့ဖြစ်ရပ်တွေကို #MeToo နဲ့ မျှဝေပြီး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားနေမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။ ဟာဗေးရဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ခံခဲ့ရတဲ့ သြစတြေးလျသရုပ်ဆောင် Alyssa Milano က တွစ်တာပေါ်နေ #MeToo ကို စတင်လှုံ့ဆော်ခဲ့ပါတယ်။ အဲ့ဒီနောက် နာမည်ကျော် အမျိုးသမီးတွေနဲ့ သာမာန်အရပ်သူတွေပါ တက်တက်ကြွကြွ ပါဝင်လာနေကြပါပြီ။

၂။ Time's Up

Oscars-Times-Up-2018-inline.jpg 

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်လိုက်တဲ့ Time's Up လှုပ်ရှားမှုကိုတော့ ဟောလိဝုဒ်ရဲ့ ပွဲလမ်းတွေ၊ အခမ်းအနားတွေမှာ အဓိက တွေ့နေရပါတယ်။ #MeToo ရဲ့ နောက်တစ်ဆင့် ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုရဲ့သားကောင်တွေ ဖြစ်ခဲ့သူတွေကို ကူညီပေးဖို့အတွက် ရည်ရွယ်ပါတယ်။ ဥပဒေရေးရာအရ ဖြေရှင်းကြတဲ့အခါ Time's Up အဖွဲ့အစည်းက ငွေရေးကြေးရေးပိုင်း ကူညီထောက်ပံ့သွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်လည်း ဟောလိဝုဒ်ကအနုပညာရှင်တွေဟာ ငွေကြေးအများအပြား ထည့်ဝင်လှူဒါန်းထားကြတယ်။ Time's Up ရဲ့ လှုပ်ရှားမှုအနေနဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အနက်ရောင်တွေကို ဝတ်ဆင်လာခဲ့ကြတယ်။ ဂရမ်မီ ဆုပေးပွဲမှာတော့ နှင်းဆီဖြူတွေကို ကိုင်ဆောင်ကာ Time's Up ကို ဆက်လက်ဖော်ထုတ်လာကြပြီး ဂရမ်မီဆုပေးပွဲမှာပါ ထပ်မံတွေ့ခဲ့ရပါတယ်။

၃။ Time Is Now

IWD 2018 Web Banners_InFocus_EN.jpg 

ဒါကတော့ ကုလသမဂ္ဂရဲ့ UN Women က လူမှုကွန်ရက်တွေပေါ်မှာ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ပြောင်းလဲဖို့အချိန်ရောက်ပြီဆိုတဲ့သဘောနဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေကို မြှင့်တင်ဖို့ လှုံ့ဆော်နေပါတယ်။ ကမ္ဘာအရပ်ရပ်က အမျိုးသမီးတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့အတူ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို အားလုံးပါဝင်ကူညီဖို့ #TimeIsNow ကမ်ပိန်းကတစ်ဆင့် တိုက်တွန်းနေပါတယ်။ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ဒီကမ်ပိန်းနဲ့ ဆင်နွှဲခဲ့ပြီး ဆက်လက်လှုပ်ရှားနေတာလည်း တွေ့ရပါတယ်။ ဒီနှစ် အမျိုးသမီးများနေ့ ဆောင်ပုဒ်ကိုတော့ "အမျိုးသမီးကဏ္ဍမြင့်မားရေး အားလုံးဝိုင်းဝန်းတွန်းအားပေး" နဲ့ ဆင်နွှဲခဲ့ကြပါတယ်။

၄။ It's Not OK

28700855_1638952032866422_4618396284247621649_o.jpg

Photo - Respect Her Facebook

 

ဒါကတော့ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ လှုပ်ရှားမှုပါ။ ယခုနှစ် ဖေဖော်ဝါရီလမှာ ပြည်တွင်းက Respect Her - သူမကိုလေးစားပါ အဖွဲ့ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ နေ့စဉ်လူမှုဘဝမှာ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေကို ထုတ်ဖော်ရေးသားကြတာ ဖြစ်ပါတယ်။ #ItsNotOK စာသားကို စာရွက်ပေါ်မှာရေးပြီး ဓာတ်ပုံရိုက်ကာ အမျိုးသမီးတွေ ကြုံနေရတဲ့ အခက်အခဲတွေကို ရေးသားနေကြတာဖြစ်ပါတယ်။ အချို့အမျိုးသားတွေကလည်း ပါဝင်ကြတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က