In partnership with  logo
ကမ်ပိန်းတွေမှာ အမျိုးသမီးဝါဒီဖြစ်တဲ့ ခရမ်းရောင်ကိုပဲ အသုံးပြုခဲ့တယ်။

အသက် ၃၈ နှစ်ဆိုတာ လူ့လောကကိုစွန့်ခွာဖို့ စောလွန်းတဲ့အရွယ် ဆိုပေမဲ့ ဘရာဇီး နိုင်ငံရေးသမား Marielle Franco အတွက်တော့ မဟုတ်ခဲ့ပါဘူး။ ရီယို ဒီ ဂျန်နဲရိုးက နိုင်ငံရေးသမား၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ Marielle Franco ဟာ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ရပါတယ်။ ရီယိုက Maré favela ရဲ့ ကောင်စီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ကောင်စီအဖွဲ့ဝင် ၅၁ ဦးမှာ အမျိုးသမီး ၇ ဦး ပါဝင်ပြီး Franco ကတော့ တစ်ဦးတည်းသော လူမည်းအမျိုးသမီးကိုယ်စားပြု အဖွဲ့ဝင်ဖြစ်ပါတယ်။

 

မတ်လ ၁၄ ရက်နေ့က လူမည်းအမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အား၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေနဲ့ ပတ်သက်တဲ့ ပွဲတစ်ခုကို စီစဉ်ကျင်းပခဲ့ပြီး အပြန်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။ သူမရဲ့ကားကို သေနတ်ကိုင်လူတစ်စုက ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါတယ်။ ဦးခေါင်းကို သေနတ်လေးချက်မှန်ပြီး ခန္ဓာကိုယ်ကိုတော့ နောက်ထပ် သေနတ်ရာ ငါးချက် ထိမှန် သေဆုံးသွားခဲ့ရပါတယ်။ သူမရဲ့ ယာဉ်မောင်းကိုပါ သေနတ်သမားတွေက ပစ်ခတ်ခဲ့ကြပါတယ်။

 

Favela ရပ်ကွက်က ဆင်းရဲသားလူမည်းတွေဟာ ပညာတတ်မြောက်သင့်ကြောင်း၊ ဂုဏ်သိက္ခာရှိကြောင်းနဲ့ လူမှုနယ်ပယ်ထဲက နေ့စဉ်ကြုံနေရတဲ့ တရားမျှတမှုမရှိတဲ့ကိစ္စတွေအတွက် Franco က တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ အကြမ်းဖက်မှု၊ လူမျိုးရေးခွဲခြားမှုနဲ့ လိင်ခွဲခြားမှု လူ့အသိုင်းအဝိုင်းမှာ Franco ရဲ့ အားထုတ်မှုတွေက အထိုက်အလျောက်အရာရောက်ခဲ့ပြီး အဲ့ဒီအတွက်ကြောင့်ပဲ လုပ်ကြံခံလိုက်ရတာပါ။

 

သူ့ရဲ့ သေဆုံးမှုအတွက် ဘရာဇီးမှာ ဆန္ဒပြ ဆုတောင်းပွဲတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ လူထောင်ပေါင်းများစွာဟာ ရီယို ကောင်စီအဆောက်အအုံရှေ့မှာ စုရုံးခဲ့ကြပြီး Franco အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

 Source : The Root


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က