In partnership with  logo
အစားအသောက် အရောင်ဆိုးဆေးတွေကို Vaseline နဲ့ ရောပြီး ထောင်ထဲကို ခိုးသွင်းဖူးပါတယ်။

ထိုင်းတော်ဝင်မိသားစုကို အသရေဖျက်မှုနဲ့ ထောင်ဒဏ်၂နှစ်ကျခံခဲ့ရတဲ့ ပရွန်တစ်မန်ခွန်းဟာ ပြီးခဲ့တဲ့နှစ်က ထောင်ကလွတ်လာပြီးတဲ့နောက်မှာ အကျဉ်းသားအမျိုးသမီးတွေကိုလည်း လှစေချင်တဲ့ သူ့ရဲ့ ဆန္ဒကို အကောင်အထည်ဖော်ပါတယ်။

 

ထိုင်းနိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်တဲ့ ပရွန်တစ်မန်ခွန်းက ထိုင်းအကျဉ်းထောင်ထဲက အမျိုးသမီးတွေလည်း မိတ်ကပ်လိမ်းနိုင်အောင် သူလိုပဲ တခြားအမျိုးသမီး အကျဉ်းသားတွေနဲ့ အတူ အစားအသောက် အရောင်ဆိုးဆေးတွေကို Vaseline နဲ့ ရောပြီး ထောင်ထဲကို ခိုးသွင်းဖူးပါတယ်။

ထောင်ကလွတ်လာပြီးတဲ့နောက်မှာတော့ သူဟာ မိတ်ကပ်အဟောင်းတွေကို အသုံးပြုပြီး ထောင်ထဲက အမျိုးသမီးတွေကို ကူညီဖို့အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။

နှုတ်ခမ်းနီအဟောင်းတွေကို အိုးတစ်အိုးထဲမှာ အရည်ဖျော်၊ ခွက်ထဲမှာ အအေးခံပြီး ရလာတဲ့  နှုတ်ခမ်းနီတွေကို သူက ထောင်ထဲက အမျိုးသမီးတွေ အသုံးပြုဖို့ လှူဒါန်းပါတယ်။

 

“လွတ်လပ်မှုကို အချုပ်အနှောင်ခံထားရတဲ့ နေရာမှာ နှုတ်ခမ်းနီတစ်ထောင့်က ကိုယ့်ကိုကိုယ်ယုံကြည်မှုတက်စေသလို၊ ကိုယ့်ရဲ့ ခံစားချက်ကိုလည်း ဖော်ထုတ်ခွင့်ရစေပါတယ်”လို့ သူကပြောပါတယ်။

အကျဉ်းသားအမျိုးသမီးတွေဟာ မီးဖိုချောင် နဲ့ တခြားလက်မှုလုပ်ငန်းတွေမှာ ဝေယျာဝစ္စလုပ်ရင်း ဝင်ငွေရှာကြရပြီး ရလာတဲ့ ပိုက်ဆံကို ဆေးဝါး နဲ့ လစဉ်သုံးပစ္စည်းလို မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေမှာပဲ သုံးကြရပါတယ်။

ထောင်ထဲမှာဖြတ်သန်းရတဲ့ ပင်ပန်းဆင်းရဲတဲ့ နေ့ရက်တွေအတွက် ပရွန်တစ်ရဲ့ နှုတ်ခမ်းနီတစ်ထောင့်ဟာ အကျဉ်းသားအမျိုးသမီးတစ်ယောက်အတွက် မျှော်လင့်ချက်အလင်းရောင်ကို ယူဆောင်လာစေတာဖြစ်ပါတယ်။

 

Source: Inquirer.net

See also: 

Share

Loading Next Article...
က္က