In partnership with  logo
လူပေါင်း ၁၅၀ နီးပါးရဲ့အသက်ကို ကယ်နိုင်ခဲ့သလို F-18 တိုက်လေယာဉ်ကို ပထမဆုံးမောင်းနှင်ရတဲ့ အမျိုးသမီးပိုင်းလော့တစ်ဦးလည်းဖြစ်ခဲ့တယ်။

ဧပြီလ ၁၇ ရက်က ဖြစ်ပွားခဲ့တဲ့ အမေရိကန်လေကြောင်းလိုင်း Southwest Airlines ရဲ့ လေယာဉ်တစ်စီး ပျံသန်းရင်း အင်ဂျင် ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အင်ဂျင်ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ လေယာဉ်မှူးရဲ့ ပါးနပ်ကျွမ်းကျင်မှုကြောင့် အရေးပေါ်ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါခဲ့တဲ့ လူ ၁၅၀ နီးပါးဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း အမျိုးသမီးလေယာဉ်မှူးကို လူတွေက ချီးကျူးဂုဏ်ပြုနေကြပါတယ်။

 

လေယာဉ်အမှတ် ၁၃၈၀ ၊ Boeing 737-700 အမျိုးအစားလေယာဉ်ဟာ ဧပြီ ၁၇ ရက် မနက်ပိုင်းမှာ နယူးယော့ခ်မြို့မှ ဒါးလက်စ်မြို့သို့ ပျံသန်းနေစဉ် အင်ဂျင်ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ လေယာဉ်ဟာ အမြင့်ပေ ၃ဝ၀၀၀ ဝန်းကျင်မှာ အင်ဂျင်ပေါက်ကွဲခဲ့ပေမဲ့ လေယာဉ်မှူးက ဖီလာဒဲလ်ဖီးယားလေဆိပ်မှာ အရေးပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၄၄ ဦးနဲ့ ဝန်ထမ်း ၅ ဦး လိုက်ပါလာခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပေမဲ့ ကျန်တဲ့လူတွေတော့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

 

လိုက်ပါလာသူအားလုံး သေဆုံးသွားနိုင်တဲ့ အန္တရာယ်များလွန်းတဲ့ အခြေအနေမှာ လူတွေအားလုံးနီးပါးကို အသက်ဘေးကလွတ်မြောက်အောင် အားထုတ်ခဲ့တာက လေယာဉ်မှူး Tammie Jo Shults ဖြစ်ပါတယ်။ ဖီလာဒဲဖီးယားလေဆိပ်မှာ လေယာဉ်ကို ဆင်းသက်အပြီးမှာတော့ ခရီးသည်တွေက Tammie Jo Shults ကို လက်ခုပ်တီးကာ ချီးကျူးသြဘာပေးခဲ့ကြပါတယ်။ ဒါပေမဲ့ သူမကတော့ အထွေအထူး ဝမ်းမြောက်ပြတာမျိုးမရှိဘဲ " ကျွန်မတို့ဘားလုံး ကိုယ့်အလုပ်ကိုယ်လုပ်တယ်လို့ပဲ ခံစားရပါတယ်" လို့ ပြောသွားခဲ့ပါတယ်။ မီဒီယာတွေရဲ့ အင်တာဗျူးကိုလည်း Tammie Jo Shults နဲ့ တွဲဘက်လေယာဉ်မှူးတို့က ငြင်းဆန်ခဲ့ကြတယ်။

 

လေယာဉ်မှူး Shults အတွက် ဒါက သိပ်ပြီးတော့ ဂုဏ်ယူစရာမဖြစ်ရတာကတော့ သူမဟာ ၁၉၈၅ ခုနှစ်မှာ အမေရိကန်ရေတပ်ကို ဝင်ရောက်ခဲ့ပြီး ရေတပ်ရဲ့ ပထမဆုံး အမျိုးသမီးလေယာဉ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့လို့ပါပဲ။ ရေတပ်မှတ်တမ်းအရ Shult ဟာ အမျိုးသမီးလေယာဉ်မှူးအဖြစ်ကနေ ဗျူဟာပိုင်းဆိုင်ရာလေယာဉ်မှူး (တိုက်လေယာဉ်မှူး)အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးတပ်စိပ်မှာ ပါဝင်ခဲ့တယ်လို့လည်း ရေတပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီး Christina Helenaleka Sears က အတည်ပြုပေးပါတယ်။ အဲ့ဒီနောက် အမေရိကန်စစ်တပ်ရဲ့ အဆင့်မြင့် F/A-18 အမျိုးအစား တိုက်လေယာဉ်ကိုလည်း မောင်းနှင်ခဲ့သလို နည်းပြလည်းလုပ်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ ဗိုလ်မှူးအဖြစ်ကနေ အငြိမ်းစားယူခဲ့ပြီး ဂုဏ်ပြုဆုတွေလည်း ရခဲ့ပါတယ်။

 

ဧပြီ ၁၇ ရက် ဖြစ်စဉ်မှာလည်း လေယာဉ်ချို့ယွင်းမှုကို သိသိချင်း Shults က လေကြောင်းထိန်းသိမ်းရေးကို သတင်းပေးပို့ခဲ့ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဖြည်းဖြည်းခြင်း သတင်းနေစဉ် တစ်ချိန်တည်းမှာပဲ အင်ဂျင်ပျက်သွားတဲ့လေယာဉ်ကိုလည်း အရေးပေါ်ဆင်းသက်နိုင်အောင် ကြိုးစားနေခဲ့ပါတယ်။ ပေပေါင်း ၃၁၆၈၄ အမြင့်ကနေ ပေ ၁၀၀၀၀ ကို နှိမ့်ချခဲ့ပြီးနောက် အောင်အောင်မြင်မြင်ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်ကတော့ ဘယ်ဘက်အင်ဂျင်ချို့ယွင်းပြီးနောက် ပြတင်းမှန်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦး အပြင်ဘက်ကို လေနဲ့စုပ်ယူခံခဲ့ရတာဖြစ်ပါတယ်။ အခြားခရီးသည်တွေက အမျိုးသမီးကို ဆွဲထားနိုင်ပေမဲ့ လေယာဉ်ဆင်းသက်အပြီး ဆေးရုံကိုခဲ့ပေမဲ့လည်း အသက်သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။ လေယာဉ်မှူး Shults ဟာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ရုံသာမက ပရော်ဖက်ရှင်ပီသစွာ ကျွမ်းကျွမ်းကျင်ကျင်လုပ်ခဲ့လို့သာ အခုလိုမျိုး သေဆုံးမှုအနည်းဆုံးဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။

Source : CNN

Share

Loading Next Article...
က္က