In partnership with  logo
အိမ်တွင်းအကြမ်းဖက်ခံရသူတွေကို အရှက်ရစေတဲ့ ဟာသမျိုးတွေနဲ့ animate လုပ်ပြီး ပိုက်ဆံသုံးတယ်လို့လည်း ပြင်းပြင်းထန်ထန် ပြောထားပါတယ်။

အဆိုတော် ရီဟန်းနားဟာ သူမအပေါ် ခရစ္စဘရောင်းရဲ့ လက်ရောက်ကျူးလွန်မှုကို ဖော်ပြထားတဲ့ ကြော်ငြာနဲ့ ပတ်သက်ပြီး Snapchat ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ ကြော်ငြာထဲမှာတော့ Snapchat ဟာ အသုံးပြုသူတွေကို " ရီဟန်းနားကိုပါးရိုက်မလား" ဒါမှမဟုတ် " ခရစ္စဘရောင်းကိုဆွဲထိုးမလား" ဆိုပြီး မေးထားခဲ့တာပါ။


 

ရီဟန်းနားနဲ့ ခရစ္စဘရောင်းတို့ ချစ်သူဖြစ်ခဲ့စဉ် ၂၀၀၉ ခုနှစ်တုန်းက ခရစ္စဘရောင်းက ရီဟန်းနားကို ထိုးကြိတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ အတော်လေးဆိုးရွားခဲ့တယ်။ ခရစ္စဘရောင်းက ရီဟန်းနားကို မျက်လုံးတွေယောင်ပြီး ပါးစပ်ကသွေးတွေထွက်တဲ့အထိ ထိုးကြိတ်ခဲ့တာပါ။ Snapchat ရဲ့ ကြော်ငြာကို ရီဟန်းနားက ပြစ်တင်တုံ့ပြန်အပြီးမှာတော့ အဲ့ဒီကြော်ငြာကို Snapchat က ပြန်ဖျက်သွားခဲ့ပါတယ်။ ရီဟန်းနားကိုလည်း တောင်းပန်ခဲ့ရပါတယ်။

 

နောက်တစ်နေ့မှာတော့ ရီဟန်းနားက Snapchat ဟာ သူအကြိုက်ဆုံး app မဟုတ်ကြောင်း အင်စတာဂရမ်မှာ ရေးလိုက်ပါတော့တယ်။ အိမ်တွင်းအကြမ်းဖက်ခံရသူတွေကို အရှက်ရစေတဲ့ ဟာသမျိုးတွေနဲ့ animate လုပ်ပြီး ပိုက်ဆံသုံးတယ်လို့လည်း ပြင်းပြင်းထန်ထန် ပြောထားပါတယ်။

 

သူကိုယ်တိုင်အပါအဝင် အိမ်တွင်းအကြမ်းဖက်ခံခဲ့ရသူတွေကို ကာကွယ်ပေးဖို့အတွက်လည်း ရီဟန်းနားက ရေးစားထားခဲ့တယ်။ " ဒါဟာ ကျွန်မရဲ့ပုဂ္ဂိုလ်ရေးခံစားချက်တွေအကြောင်းမဟုတ်ပါဘူး။ အတိတ်မှာ အိမ်တွင်းအကြမ်းဖက်ခံရမှုသားကောင်ဖြစ်ခဲ့ကြတဲ့ အမျိုးသမီး၊ ကလေး၊ အမျိုးသား အကုန်လုံးနဲ့ သက်ဆိုင်ပါတယ်။ အထူးသဖြင့် ထုတ်မပြောခဲ့တဲ့လူတွေပေါ့၊ ရှင် (Snapchat)က ကျွန်မတို့ကို နှိမ့်ချက်လိုက်တာပဲ" လို့ ရေးထားခဲ့ပါတယ်။

ှSource : Independent


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က