In partnership with  logo
"အတွင်းမီး အပြင်မထုတ်နဲ့" ဆိုတဲ့စကားကြောင့် နှိပ်စက်သမျှ ထုတ်မပြောဘဲ ငြိမ်ခံရတာမျိုးဟာ မဖြစ်သင့်ပါဘူး

အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence) ဆိုတာဟာ အိမ်တွင်းမှာသာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ/ရည်းစား၊ အတူနေချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်က ထိန်းချုပ်အနိုင်ကျင့်မှုတွေအားလုံးကို အိမ်တွင်းအကြမ်းဖက်မှုလို့ ခေါ်ပါတယ်။ ကိုယ့်အချင်းချင်းကြားမှာပဲ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေလည်း ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို  စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရအောင်လုပ်တာတွေလည်း ပါဝင်ပါတယ်။



 

အမျိုးသမီးတွေဟာ အိမ်တွင်းမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်ခံနေကြရပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်းမှာသာ မကပါဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတာပါ။ အိမ်တွင်းအကြမ်းဖက်ခံရသူတွေဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နာကျင်ခံစားရပြီး အဲ့ဒီခံစားမှုဟာ ဘဝတစ်လျောက်လုံးအထိပါ ပါသွားနိုင်သလို သူ့ရဲ့ပတ်ဝန်းကျင်ကိုပါ ရိုက်ခတ်မှုတွေ ဖြစ်လာစေတော့တာပါပဲ။ သူတို့ရဲ့ဘဝမှာ နောက်ထပ် ပျော်ရွှင်စရာတွေကိုလည်း မခံစားနိုင်တော့ပါဘူး။

see also 

 

ဒဏ်ရာသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ညှင်းပန်းနှိပ်စက်တာကလည်း အကြမ်းဖက်မှုပါပဲ။ အရိုးကျိုးတာတွေ၊ ပေါက်ပြဲတာတွေအထိတောင် ကြုံရတတ်သလို အစားထိုးမရတော့လောက်အောင် ပျက်စီးသွားတာမျိုးလည်း ရှိပါတယ်။ နားကန်းသွားတာ၊ မျက်စိကန်းသွားတာ၊ ကိုယ်ဝန်ပျက်ကျတာတွေလို ဆိုးဆိုးရွားရွား ကြုံရသူတွေ ရှိပြီး အဲ့ဒီ့ဖြစ်ရပ်ရဲ့သားကောင် ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေဟာ ဘဝတစ်လျှောက်လုံးမှာ စိတ်ဒဏ်ရာပါ ရသွားပါတော့တယ်။ တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ကြံစည်ကြတယ်။

 

ဘယ်အရပ်ဒေသမှာ မွေးဖွားတဲ့ အမျိုးသမီးမဆို အိမ်တွင်းအကြမ်းဖက်မှုကို လက်ခံဖို့ မလိုပါဘူး။ ကိုယ့်ယောက်ျား၊ ကိုယ့်ချစ်သူက ကိုယ့်ကို နာကျင်အောင်နှိပ်စက်မှုတွေကို တွန်းလှန်နိုင်ဖို့ လိုပါတယ်။ အိမ်တွင်းရေး အပြင်မထုတ်ရဘူးဆိုပြီး ကြိတ်မှိတ်သည်းခံနေသမျှ ပိုပိုပြီးဆိုးရွားလာမှာဖြစ်သလို တစ်ဖက်ကိုလည်း ကိုယ်ကကြောက်လန့်ပြရာရောက်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေကို လက်မခံနဲ့။ ဖော်ထုတ်ပါ။ တိုင်ကြားပါ။ ဥပဒေတွေလည်း ရှိပါတယ်။ ကိုယ်တိုင်က အိမ်တွင်းအကြမ်းဖက်မှုကို လက်ခံလိုက်ရင် ကိုယ့်ရဲ့ညီမ၊ သမီးတွေကပါ ဒါကို ထုံးတမ်းစဉ်လာတစ်ခုလို လက်ခံသွားကြနိုင်တာမို့ အိမ်တွင်းအကြမ်းဖက်မှုတွေကို လက်မခံပါနဲ့။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က