In partnership with  logo
အမျိုးသမီးကို ပွေ့ဖက်ခွင့်၊ ရင်သားကို ကိုင်ခွင့်ရမလား လို့ မေးခဲ့

ဂျပန်ရုပ်သံလိုင်းတစ်ခုက သူတို့ရဲ့ အမျိုးသမီးသတင်းထောက် ဝန်ထမ်းကို ဘဏ္ဍာရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးက လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲထားပါတယ်။



မစ္စတာ ဖူကူဒါဟာ သတင်းထောက်အမျိုးသမီးကို နှုတ်နဲ့ ညစ်ညမ်းတဲ့ ပြောဆိုမှုလုပ်ခဲ့တယ်လို့ ရူကန်ရှင်ချို မဂ္ဂဇင်းက ဒီသီတင်းပတ်အစောပိုင်းက ဖော်ပြခဲ့ပါတယ်။

အမျိုးသမီးကို ပွေ့ဖက်ခွင့်၊ ရင်သားကို ကိုင်ခွင့်ရမလား လို့ မေးခဲ့တဲ့ မစ္စတာ ဖူကူဒါရဲ့ အသံဖိုင်ကိုလည်း အဲဒီမဂ္ဂဇင်းတိုက်က ထုတ်ပြန်လိုက်ပါတယ်။

မစ္စတာ ဖူကူဒါနှုတ်ထွက်ခဲ့ပြီးနောက်မှာ အဆာဟိတီဗီက သူတို့ရဲ့ သတင်းထောက်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်လို့ ဆိုပါတယ်။

အကြီးတန်းအရာရှိ ဂျွန်နီချီ ဖူကူဒါဟာ သူ့အပေါ်စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ရာထူးကနေ နှုတ်ထွက်ထားပါတယ်။

 

မစ္စတာ ဖူကူဒါရာထူးက မနှုတ်ထွက်မီ ဂျပန်ပြည်တွင်း သတင်းစာဆရာများသမဂ္ဂက လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေအတွက် ဒီထက်ကောင်းတဲ့ အကာအကွယ်ပေးဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမျိုးသမီး သတင်းထောက်တွေဟာ ကြောက်မက်စရာကောင်းတဲ့စော်ကားမှုတွေကို တိတ်တိတ်လေးငြိမ်ခံနေရတယ်လို့ အဲဒီကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာ လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေပိုမိုပါဝင်အောင် ကြိုးပမ်းမှုတွေပြုလုပ်နေပေမယ့် နိုင်ငံရေး နဲ့ စီးပွားရေးလောကမှာ ကျားမ ကွာဟမှုတွေရှိနေဆဲဖြစ်ပါတယ်။

ရှေးရိုးစွဲဆန်တဲ့ ဂျပန်လူမှုပတ်ဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ဆန့်ကျင်တဲ့ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ #MeToo movement ကို ထောက်ခံမှုနည်းပါတယ်။

ဟောလိဝုဒ် ထုတ်လုပ်သူ ဟာဗီဝိုင်းစတိုင်းရဲ့ အနုပညာရှင်တွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုသတင်းတွေက ဒီအရေးနဲ့ပတ်သက်ပြီး တကမ္ဘာလုံးကို နိုးကြားစေခဲ့ပါတယ်။

See also: 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က