In partnership with  logo
အသက်(၁၂)နဲ့အောက်ရှိတဲ့ ကလးသူငယ်တွေအပေါ် မုဒိန်းမှုကျူးလွန်သူတွေ သေဒဏ်ပေးစီရင်နိုင်မှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ သက်ငယ်မုဒိန်းကျူးလွန်တဲ့ တရားခံတွေကို သေဒဏ်ချမှတ်နိုင်ဖို့ အတွက် လက်ရှိဥပဒေကို ပြောင်းလဲပြင်ဆင်ဖို့ အိန္ဒိယအစိုးရအဖွဲ့က စတင်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။



 

အခု ပြင်ဆင်မယ့် ပြစ်မှုဆိုင်ရာ ဥပဒေမှာ အသက်(၁၂)နဲ့အောက်ရှိတဲ့ ကလးသူငယ်တွေအပေါ် မုဒိန်းမှုကျူးလွန်သူတွေ သေဒဏ်ပေးစီရင်နိုင်မှာဖြစ်ပါတယ်။

အဲဒီဥပဒေပြင်ဆင်ချက်ကို အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ ဦးစီးတဲ့ အစိုးရအဖွဲ့ဝင်များ အထူးအစည်းအဝေးပွဲမှာ ဝန်ကြီးချုပ်ကိုယ်တိုင် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မကြာသေးခင် သီတင်းပတ်က အသက်(၈)နှစ်အရွယ် မိန်းကလေးအဓမ္မကျင့် သတ်ဖြတ်ခံရပြီးနောက်မှာ အိန္ဒိယနိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ သက်ငယ်မုဒိန်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အရေးယူမှု မရှိတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။

အိန္ဒိယနိုင်ငံမှာ ကြီးလေးတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို သေဒဏ်ချမှတ်ခွင့်ပြုထားပေမယ့် သက်ငယ်မုဒိန်းကျူးလွန်သူတွေကို သေဒဏ်အဖြစ် စီရင်ချက်ချမှတ်ဖို့ အခုမှ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ သေဒဏ်ကျခံတဲ့သူတွေကို ကြိုးကွင်းချသတ်မိန့်ပေးစီရင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာ သုံးကြိမ်ပဲ အမိန့်ပေးစီရင် ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က