In partnership with  logo
ကိတ်မစ်ဒယ်တင်ဟာ တတိယမြောက်ရင်သွေးကို ဖွားမြင်ဖို့ လန်ဒန်မြို့မှာရှိတဲ့ စိန့်မေရီဆေးရုံကို ရောက်ရှိလာပါတယ်။
 

ဗြိတိန်ရဲ့ ကိန်းဘရစ်ချ်မြို့စားကတော် ကိတ်မစ်ဒယ်တင်ဟာ တတိယမြောက်ရင်သွေးကို ဖွားမြင်ဖို့ လန်ဒန်မြို့မှာရှိတဲ့ စိန့်မေရီဆေးရုံကို ရောက်ရှိလာပါတယ်။

အခုတကြိမ်ဖွားမြင်မယ့် ရင်သွေးဟာ ဗြိတိန်ဘုရင်မကြီးရဲ့ ဆဌမမြောက်မြေးတော်ဖြစ်လာမှာ ဖြစ်ပြီး ဗြိတိသျှနန်းဆက်ခံမယ့် ပဉ္စမနေရာမှာ ရှိတဲ့သူတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

 

ကိတ်ဟာ အရင်က မင်းသားလေးဂျော့ချ် နဲ့ မင်းသမီးလေးရှားလော့တို့ကို သဘာဝအတိုင်းရိုးရိုးမီးဖွားခဲ့တာဖြစ်ပြီး အခုတကြိမ်မှာတော့ နောက်ထပ် သားလေးဖြစ်မလား၊ သမီးလေးဖြစ်မလားဆိုတာ မသိရသေးပါဘူး။

ကိတ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာမှာ တတိယအကြိမ် ကိုယ်ဝန်လွယ်ထားပြီဆိုတာကို လူထုကို စတင်အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က