In partnership with  logo
လက်တွေ့များများလုပ်လေလေ ပိုကောင်းလာလေလေပါပဲ

ဖိလစ်ပိုင်-အမေရိကန်နွှယ်ဖွား Jessica Cox ဟာ မွေးကတည်းက လက်နှစ်ဖက် ပါမလာခဲ့သူပါ။ ဒါပေမဲ့ လက်နှစ်ဖက်မရှိခြင်းက သူမရဲ့လုပ်ဆောင်မှုတွေကို မရပ်တန့်စေခဲ့ဘူး။ သာမာန်ဘဝတွေထက်တောင်မှ ပိုပြီးတော့ ထူးချွန်တဲ့ဘဝကို တည်ဆောက်ထားတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ခြေထောက်တွေနဲ့ လေယာဉ်မောင်းနှင်ပြီး ဂင်းနက်စ်ကမ္ဘာ့စံချိန်တင်ထားသူပါ။

 

အသက် ၁၀ နှစ် အရွယ်မှာ တိုက်ကွမ်ဒိုကို စတင်သင်ယူခဲ့ပြီး ၄ နှစ်အကြာမှာတော့ ခါးပတ်နက် ရလာခဲ့ပါတယ်။ အသက် ၁၇ နှစ်မှာတော့ ခြေထောက်တွေနဲ့ ကားစတီယာရင်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီး ယာဉ်မောင်းလိုင်စင်ကို ရခဲ့ပါတယ်။

 

Cox ရဲ့အသက် ၂၂ ကို ရောက်လာချိန်မှာတော့ လေယာဉ်မောင်းသင်တန်းကို စတင်တက်ရောက်ခဲ့တယ်။ နောက် ၃ နှစ်ကြာတော့ ပိုင်းလော့လိုင်စင် ရသွားပါတယ်။ လေယာဉ်ကို ခြေထောက်နဲ့မောင်းနှင်တဲ့ ပထမဆုံးအမျိုးသမီးအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်တင်သွားပါတယ်။ သမိုင်းတွင်မယ့် အမျိုးသမီးလေယာဉ်မှူးတွေထဲမှာ Cox ကလည်း တစ်ဦးအပါအဝင် ဖြစ်လာပါတယ်။

 

 

မျက်ကပ်မှန်တပ်တာကနေ မိတ်ကပ်လိမ်းတာအပါအဝင် နေ့စဉ်လှုပ်ရှားမှုတွေမှာလည်း အကူအညီမလိုဘဲ လုပ်ကိုင်နိုင်ပါတယ်။ ပြီးတော့ တစ်မိနစ်ကို စာလုံး ၂၅ လုံး ရိုက်နိုင်သတဲ့။ အတော်မြန်တဲ့နှုန်းထားလည်းဖြစ်ပါတယ်။ ရေလွှာလျှောစီး၊ ရေငုပ်၊ မြင်းစီးတာတွေလည်း လုပ်တတ်သလို စန္ဒယားတီးတာကိုလည်း ဝါသနာပါသူဖြစ်ပါတယ်။

 

" အသစ်တစ်ခုခုကိုလုပ်ရတဲ့ စိန်ခေါ်မှုကို ကျွန်မကြိုက်တယ်" လို့ ဆိုတယ်။ အရီဇိုးနားတက္ကသိုလ်ကနေ စိတ်ပညာနဲ့ဘွဲ့ရခဲ့ပြီး တိုက်ကွမ်ဒိုနည်းပြနဲ့ လက်ထပ်ခဲ့ပါတယ်။ ခုချိန်မှာတော့ Cox ရဲ့ အသက်က ၃၅ နှစ်ကို ရောက်ရှိနေပါပြီ။ Jessica Cox အမည်နဲ့ ဝက်ဘ်ဆိုက်လည်း လွှင့်ထူထားပြီး စိတ်ဓာတ်မြှင့်တင်ရေးဟောပြောသူအဖြစ်လည်း လုပ်ကိုင်နေပါတယ်။

Source : Elite

Share

Loading Next Article...
က္က