In partnership with  logo
နျူကလီယာဓာတ်ပေါင်းဖို စီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဖို့ တောင်အာဖရိကအစိုးရနဲ့ ၅နှစ်တာ အမှုရင်ဆိုင်ခဲ့ရပါတယ်။

ဒေါ်လာသန်းချီတန်တဲ့ နျူကလီယာ ဓာတ်ပေါင်းဖို ဆောက်မယ့်အစီအစဉ် အောင်မြင်စွာစိန်ခေါ်နိုင်ခဲ့တဲ့ တောင်အာဖရိက အမျိုးသမီး နှစ်ဦးဟာ သဘာဝပတ်ဝန်းကျင် ထိပ်သီးဆုတစ်ဆုကို ရရှိခဲ့ပါတယ်။

 

မက်ကိုမာ လီကာလာကာလာ နဲ့ လစ်ဇ်မက်ဒါအစ် တို့နှစ်ဦးဟာ တောင်အာဖရိကမှာ ရုရှားအစိုးရနဲ့ ပူးပေါင်းလုပ်မယ့် နျူကလီယာဓာတ်ပေါင်းဖို စီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဖို့ တောင်အာဖရိကအစိုးရနဲ့ ၅နှစ်တာ အမှုရင်ဆိုင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်က တောင်အာဖရိကတရားရုံးချုပ်က မစ္စ လီကာလာကာလာ နဲ့ မစ္စမက်ဒါအစ်တို့ရဲ့ အဆိုပြုချက်ကိုထောက်ခံခဲ့ပြီး၊ နျူကလီယာဓာတ်ပေါင်းဖိုဆောက်မယ့် စီမံကိန်းဟာ လွှတ်တော်နဲ့ စနစ်တကျ တိုင်ပင်အဆိုပြုထားခြင်းမရှိတာကြောင့် အခြေခံဥပဒေနဲ့ မညီတာကြောင့် စီမံကိန်းဆောက်မယ့်အစီအစဉ်ဟာ တရားမဝင်ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်သူနှစ်ဦးဖြစ်တဲ့ မစ္စ လီကာလာကာလာ နဲ့ မစ္စမက်ဒါအစ်တို့ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု သူရဲကောင်းများ အဖြစ် သဘာဝပတ်ဝန်းကျင် ထိပ်သီးဆုတစ်ဆုဖြစ်တဲ့ Goldman environmental prize ကို ချီးမြှင့်ခဲ့ပါတယ်။

ဒေါ်လာ သန်း၇၆ဘီလျံတန်ဖိုးရှိတဲ့ အဲဒီစီမံကိန်းကို ဆောက်လုပ်ဖို့ အရင်တောင်အာဖရိက သမ္မတဟောင်း ဂျေးကော့ဘ်ဇူးမားက ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ၂၀၁၄ခုနှစ်မှာ သဘောတူခဲ့တာဖြစ်ပါတယ်။

Source: BBC

Share

Loading Next Article...
က္က