In partnership with  logo
အလုပ်ရှင်တွေဘက်က ရုပ်ရည်သန့်ပြန့်ချောမောတဲ့ မိန်းကလေးတွေနဲ့ အလုပ်လုပ်လိုတယ်လို့ ထည့်သွင်းထားကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီကြီးတွေက အလုပ်ကြော်ငြာတွေမှာ ကျား၊မ တန်းတူညီမျှမရှိတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ချက်အပေါ် ဖြေရှင်းဖို့ နည်းပညာကုမ္ပဏီကြီးတွေက ကတိပြုခဲ့ပါတယ်။



 

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ဒီအပတ် တနင်္လာနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာအရ နာမည်ကြီး နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Alibaba၊ Baidu၊ Tencent တို့က အလုပ်ကြော်ငြာတွေမှာ အမျိုးသားတွေကို ဦးစားပေးတဲ့အချက်တွေနဲ့ ကျား၊မ ခွဲခြားဆက်ဆံမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၃နဲ့ ၂၀၁၈ကြား အလုပ်ကြော်ငြာပေါင်း ၃၆၀၀၀ကို လေ့လာကြည့်တဲ့အခါမှာ တချို့အလုပ်ကြော်ငြာတွေမှာ အလုပ်ရှင်တွေဘက်က ရုပ်ရည်သန့်ပြန့်ချောမောတဲ့ မိန်းကလေးတွေနဲ့ အလုပ်လုပ်လိုတယ်လို့ ထည့်သွင်းထားကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နာမည်ကျော် WeChat messenger appကို ထုတ်လုပ်တဲ့ Tencent ကုမ္ပဏီက HRW ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး သူတို့ရဲ့ အလုပ်ခေါ်စာမှာ ပါဝင်တဲ့ အချက်အလက်တွေအပေါ် တောင်းပန်ကြောင်းပြောပါတယ်။

ကမ္ဘာကျော်စီးပွားရေးပညာရှင်ကြီး ဂျက်မကလည်း သူ့ရဲ့ Alibaba ကုမ္ပဏီမှာ ကျား၊မ အခွင့်အရေးတန်းတူညီမျှမှုအတွက် စည်းမျဉ်းတွေ တင်းကျပ်သွားမယ်လို့ ဆိုပါတယ်။

နည်းပညာကုမ္ပဏီ Baiduကတော့ ဒါနဲ့ပတ်သက်လို့ ရှားပါးဖြစ်စဉ်သာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဝန်ထမ်းခေါ်တဲ့ လျှောက်လွှာတွေမှာ အခုလို ခွဲခြားဆက်ဆံတာတွေကို အစိုးရအနေနဲ့ တင်းတင်းကျပ်ကျပ်အရေးယူဖို့ HRW အဖွဲ့တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရဝန်ကြီးဌာနတွေက အလုပ်ကြော်ငြာစာ ၅ခုမှာလည်း အမျိုးသားတွေကိုသာ ဦးစားပေးခဲ့တာကို HRW ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က