In partnership with  logo
ကိတ်ကို အားကျသူတွေလည်းရှိ၊ ကိုယ်ချင်းစာနာသူတွေလည်းရှိတယ်။

ဗြိတိန်က မင်းသားဝီလျှံရဲ့ကြင်ယာတော် ကိတ်မစ်ဒယ်တန်ဟာ တနင်္လာနေ့တုန်းက သူမရဲ့ တတိယမြောက် ရင်သွေးကို ဖွားမြင်လိုက်ပါတယ်။ သားတစ်ဦး၊ သမီးတစ်ဦးမွေးဖွားပြီးနောက် ယခုတတိယမြောက်ရင်သွေး သားတော်လေးကို မွေးဖွားခဲ့တာပါ။

 

သားငယ်ကိုပိုက်ပြီး ဆေးရုံဆင်းလာတဲ့ ကိတ်မစ်ဒယ်တန်ဟာ အနီရောင်အကျႌလေးကိုဝတ်ပြီး လှလှပပလေးနဲ့ ပြည်သူတွေရှေ့ကိုထွက်လာခဲ့ပါတယ်။ ကိတ်ရဲ့ ဆေးရုံဆင်းတဲ့ပုံစံကို သာမာန်အရပ်သူမိခင်တွေက အမျိုးမျိုးပြောနေကြပြီး သူတို့မီးဖွားပြီးစတုန်းက ပုံတွေကိုလည်း အင်တာနက်ပေါ်မှာ တင်နေကြတာ တွေ့ပါတယ်။ သူတို့ရဲ့ပုံတွေနဲ့ ကိတ်ရဲ့ပုံကိုယှဉ်ပြီးတော့ ပြောနေကြတာပါ။

 

လန်ဒန်မြို့ ၊ ပက်ဒင်တန်၊ စိန့်မေရီဆေးရုံကနေ ကိတ်ဟာ ပျော်ရွှင်ပြီး သက်တောင့်သက်သာရှိစွာနဲ့ ဆင်းလာကာ သားငယ်ကိုပွေ့ထားရင်းပြည်သူတွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ပါတယ်။ အရပ်သူမိခင်တွေ Mumsnet ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ သူတို့ရဲ့ မီးဖွားပြီးစပုံတွေမှာတော့ ကိတ်လိုမလှကြပါဘူး။

 

မီးဖွားပြီး နာရီပိုင်းအတွင်းမှာတင် မျက်နှာလေးလန်းဆန်းစွာရှိနေတဲ့ကိတ်ကိုတော့ လူမှုကွန်ရက်အသုံးပြုသူတွေက အားကျနေကြပါတယ်။ တချို့ကတော့ ကိတ်ကို ကိုယ်ချင်းစာကြတယ်။ မီးဖွားဆောင်မှာ ကမ္ဘာတစ်ဝန်းကမီဒီယာတွေစုပြုံနေလို့ သူတို့သာ ကိတ်နေရာမှာဆိုရင် ဘယ်လိုပြုမူရမယ်ဆိုတာကိုလည်း ပြောနေကြပါတယ်။ တချို့ကတော့ တကယ့်မီးဖွားပြီးစပုံရိပ်စစ်စစ်ကိုပဲ ပြသသင့်တယ်လို့ ဆိုနေကြပါတယ်။ အဲ့ဒီတော့မှ အခြားမိခင်တွေလည်း အထီးမကျန်တော့မှာလို့ ပြောပါတယ်။

Source : BBC

Share

Loading Next Article...
က္က