In partnership with  logo
အလှမယ်တွေ ဝတ်လစ်စလစ် အဝတ်လဲနေတဲ့အချိန် ဒေါ်နယ်ထရမ့်ကအဝတ်လဲခန်းထဲကို ဝင်လာခဲ့တယ်လို့ပြောပါတယ်။
 

ဂျင်းလ်ဟတ်သ်

မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မစ္စဟတ်သ်ဟာ ၁၉၉၇ခုနှစ်က ဒေါ်နယ်ထရမ့်က သူ့အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ သမ္မတထရမ့်ဟာ ၁၉၉၂ခုနှစ်က အလှမယ်ပြိုင်ပွဲတစ်ခုက ညစာစားပွဲအောက်ကနေ လက်နဲ့ သူ့ကို မဖွယ်မရာလုပ်ခဲ့တယ်လို့ ၂၀၁၆၊ ဇူလိုင်လက Guardian သတင်းစာကို ပြောခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၃ခုနှစ်ကလည်း သူ့ကို နံရံကိုတွန်းပြီး အင်္ကျီကိုချွတ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။

ဘရစ်ဂျက်ဆလ်လဗန်

၂၀၀၀ခုနှစ် မစ္စယူအက်စ်အေ ဒုတိယဆုရရှိခဲ့တဲ့ မစ္စနယူးဟမ်းရှား ဘရစ်ဂျက်ဆလ်လဗန်ကလည်း မစ္စတာထရမ့်က အလှမယ်တွေအဝတ်အစားလဲနေတဲ့အချိန်မှာ အဝတ်လဲခန်းထဲကိုခွင့်မတောင်းပဲ ဝင်လာခဲ့တယ်လို့ပြောပါတယ်။

 

ကဆန်ဒရာစီးယားလက်စ်

၂၀၁၃မစ္စဝါရှင်တန် သရဖူဆုရှင် မစ္စစီးယားလက်စ်ကတော့ “စင်မြင့်ပေါ်မှာ အလှမယ်တွေအားလုံး ကိုယ့်ကိုကိုယ်မိတ်ဆက်တုန်းက သူ့ကိုမကြည့်လိုဆိုပြီး ထပ်လုပ်ခိုင်းတဲ့လူ၊ နောက်သူအနီးကပ်ကြည့်ရအောင်ပြီး အလှမယ်တွေကို တန်းစီခိုင်းတဲ့လူ၊ အဲဒီလူက အခု အမေရိကန်သမ္မတအဖြစ် ဝင်အရွေးခံမှာ၊ ” လို့ သမ္မတထရမ့်နဲ့ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

ထက်ရှာဒစ္စင်

မစ္စအရီဇိုးနားက ၂၀၀၁ မစ္စယူအက်စ်အေပွဲမှာ အလှမယ်တွေ ဝတ်လစ်စလစ် အဝတ်လဲနေတဲ့အချိန် ဒေါ်နယ်ထရမ့်ကအဝတ်လဲခန်းထဲကို ဝင်လာခဲ့တယ်လို့ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ၂၀၀၅ခုနှစ် CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်ကသူ့အနေနဲ့ တခြားအမျိုးသားတွေကိကု ဝင်ခွင့်မပြုတဲ့အချိန်မှာ ပိုင်ရှင်ဖြစ်တဲ့ သူ့အနေနဲ့ အမျိုးသမီးအဝတ်လဲခန်းကို ဝင်ပြီး ဝင်ရောက်စစ်ဆေးတာပါလို့ ပြောပါတယ်။

ဂျက်စီကာလိဒ်စ်

မစ္စလိဒ်စ်က ဒေါ်နယ်ထရမ့်နဲ့ အတူ လေယာဉ်ပထမတန်းမှာ အတူစီးတုန်းက သူ့ရင်သားကို ကိုင်ပြီး၊ သူ့ရဲ့စကဒ်ကို လက်နဲ့ဆွဲလှန်ဖို့ ကြိုးစားခဲ့တယ်လို့ ၂၀၁၆က နယူးယောက်တိုင်းမ် သတင်းစာကိုပြောခဲ့ပါတယ်။

ရေချယ်ခရွတ်

ထရမ့်တာဝါမှာရှိတဲ့ Bayrock Groupမှာ ဧည့်ကြိုဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်စဉ်က ဒေါ်နယ်ထရမ့်က သူ့ကို အတင်းဖက်နမ်းဖို့ကြိုးစားခဲ့တယ်လို့ပြောပါတယ်။ အဲဒီအချိန်က အသက် ၂၂နှစ်အရွယ်သာရှိတဲ့ မစ္စခရွတ်က ဓာတ်လှေခါးရှေ့မှာ ဒေါ်နယ်ထရမ့်ကို သူ့ကိုယ်ကိုကိုယ်သူ မိတ်ဆက်တဲ့အခါမှာ ထရမ့်က သူ့ရဲ့ ပါးကိုနမ်းပြီး နှုတ်ခမ်းကိုပါနမ်းဖို့ကြိုးစားခဲ့တယ်လို့ပြောပါတယ်။

မင်ဒီ မက်ဂီးလ်ဗရီ

မစ္စမက်ဂီးလ်ဗရီ က ၂၀၀၃ခုနှစ်မှာ သူ့ကို ဒေါ်နယ်ထရမ့်က တင်ပါးကို လက်နဲ့ ကိုင်ခဲ့တယ်လို့ပြောပါတ်။ မစ္စမက်ရီလ်ဗရီက အဲဒီအဖြစ်အပျက်မတိုင်မီ ရှေ့၂နှစ်က ဒေါ်နယ်ထရမ့် နဲ့ ပရောပရည်ပြောဆိုမှုတွေရှိတယ်လို့ပြောပါတယ်။

 

နာတာရှာ စတွိုင်းနော့ဖ်

People မဂ္ဂဇင်းရဲ့ စာရေးဆရာမ တစ်ဦးဖြစ်ခဲ့တဲ့ မစ္စစတွိုင်းနော့ဖ်က ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Mar-a-Largo အပန်းဖြေစခန်း မှာ People မဂ္ဂဇင်းအတွက် ဒေါ်နယ်ထရမ့်ကို အင်တာဗျူးတုန်းက သူ့ကို ဖက်နမ်းဖို့ အတင်းကြိုးစားခဲ့တယ်လို့ပြောပါတယ်။

မရိုင်ယာဘီလာဒို

အလှမယ်တဦးဖြစ်တဲ့ မစ္စဘီလာဒိုကလည်း မယ်ပြိုင်ပွဲတစ်ခုမှာ ထရမ့်က အမျိုးသမီး အဝတ်လဲခန်းကို အတင်းဝင်လာခဲ့ပြီး အမျိုးသမီးတွေကို ဘာမှစိတ်မပူနဲ့ သူအကုန်မြင်ဖူးတယ်လို့ ပြောတယ်လို့ဆိုပါတယ်။

တမ်ပဲလ်မက်ဒေါင်ဝဲလ်

 ၁၉၉၇ခုနှစ်မှာ မစ္စဒေါင်ဝဲလ် မစ္စယူအက်စ်အေဝင်ပြိုင်တုန်းက ဒေါ်နယ်ထရမ့်က သူ့ရဲ့ နှုတ်ခမ်းကို နမ်းဖို့ ကြိုးစားခဲ့တယ်လို့ပြောပါတယ်။

လီစာဘွိုင်း

မစ္စဘွိုင်းက ဒေါ်နယ်ထရမ့်ဟာ ၁၉၉၀လောက်က ညစာစားပွဲတခုမှာ အမျိုးသမီးတွေကို စားပွဲပေါ်ကို တက်ခိုင်ပြီး အောက်နေမော့ကြည့်ပြီး ညစ်ညစ်ညမ်းညမ်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆမ်းမားဇာဗို

အမေရိကန်ဇာတ်လမ်းတွဲ The Apprentice မှာ သရုပ်ဆောင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မစ္စဇာဗိုဟာ နယူးယောက်မှာရှိတဲ့ ထရမ့်ရဲ့ ရုံးခန်းမှာ သူ့သဘောဆန္ဒမပါဘဲ ထရမ့်ဖက်နမ်းခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လော့စ်အိန်ဂျလိစ်က ညစာစားပွဲတခုမှာလည်း ထရမ့်က သူ့ကို နောက်တကြိမ် ကိုယ်ထိလက်ရောက်စော်ကားခဲ့တယ်လို့ပြောပါတယ်။

ခရစ္စတန်အန်ဒါဆင်

မစ္စအန်ဒါဆင်က နယူးယောက်က ကလပ်တစ်ခုမှာ ဒေါ်နယ်ထရမ့်က သူ့ရဲ့ မိန်းမကိုယ်ကိုနေရာတဝိုက်ကို လက်နဲ့ ကိုင်ခဲ့တယ်လို့ပြောပါတယ်။

ဆမမ်သာဟိုလ်ဗီ

“အလှမယ်တွေကို ခေါင်းကနေ ခြေအထိကြည့်တာ ဝါးစားမတတ်ဘဲ။ မိန်းကလေးတွေကို ကစားစရာတစ်ခုအဖြစ်သဘောထားတယ်။ သူကြည့်တဲ့အကြည့်က ရွံ့စရာသိပ်ကောင်းတယ်” လို့ မစ္စယူအက်စ်အေ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဆမ်သာဟိုလ်ဗီက ပြောပါတယ်။

ကတ်သီဟယ်လာ

Guardian သတင်းစာနဲ့ အင်တာဗျူးမှာမစ္စဟယ်လာက ဒေါ်နယ်ထရမ့်က သူ့ရဲ့ နှုတ်ခမ်းကို နမ်းဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။

ကရီနာဗာဂျီးနီးယား

ယူအက်စ်အိုးပန်းပွဲစဉ်အပြီးမှာ ကားစောင့်နေတဲ့ မစ္စဗာဂျီးနီးယားကို ဒေါ်နယ်ထရမ့်က ရင်ဘက်ကို တို့ထိခဲ့တယ်လို့ပြောပါတယ်။ မစ္စဗာဂျီးနီးယားက ရုတ်တရက်နောက်ဆုတ်လိုက်တဲ့အခါမှာ ဒေါ်နယ်ထရမ့်က သူဘယ်သူဆိုတာ မသိဘူးလားလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

 

ဂျက်စီကာဒရိတ်ခ်

ညစ်ညမ်းရုပ်ရှင်ဇာတ်ကားများရိုက်ကူးတဲ့ မစ္စဒရိတ်ခ်ကို ထရမ့်က သူ့ဟိုတယ်ခန်းကို ဖိတ်ခဲ့ပြီး သူနဲ့ အတူနေဖို့၊ ဒေါ်လာ ၁သောင်းပေးမှာဖြစ်ပြီး၊ သူ့ရဲ့ ကိုယ်ပိုင်လေယာဉ်ကိုလည်း အသုံးပြုခွင့်ပေးမှာဖြစ်တယ်လို့ပြောခဲ့တယ်လို့ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ အမေရိကန်ရွေးကောက်ပွဲမတိုင်မီ CNN နဲ့ အင်တာဗျူးမှာ ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒါဟာ ဟီလာရီကို ထောက်ခံတဲ့သူတွေက အသရေဖျက်တာသာဖြစ်တယ်လို့ပြောပါတယ်။

နင်နီလက်ဆွန်နန်

မယ်စကြာဝဠာပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ မစ္စလက်ဆွန်နန်က တခြားအလှမယ်တွေနဲ့ အမေရိကန်ရုပ်သံအင်တာဗျူးတစ်ခုမှာ အင်တာဗျူးမတိုင်မီ မစ္စတာ ထရမ့်က သူ့ရဲ့တင်ပါးကိုလက်နဲ့ ဆုတ်ကိုင်ခဲ့တယ်လို့ပြောပါတယ်။

Share

Loading Next Article...
က္က