In partnership with  logo
တချိန်က တရုတ်နိုင်ငံမှာ အမျိုးသမီးတွေ ဖိနှိပ်ခံရတဲ့အချိန်မှာ တီထွင်ဖန်တီးနိုင်ခဲ့တဲ့ အနုပညာလက်ရာတခုဖြစ်ရုံတင်မက နိုင်ငံရေးလှုပ်ရှားမှုရဲ့ သင်္ကေတတစ်ခုဖြစ်ကြောင်း

တရုတ်အမျိုးသမီး ရိုးရာဝတ်စုံကို ဝတ်ဆင်ခဲ့တဲ့ အသက်(၁၈)နှစ်အရွယ် အမေရိကန်အထက်တန်းကျောင်းသူလေး ကီဇယာ ရဲ့ ဓာတ်ပုံကဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ငြင်းခုံမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။



အမေရိကန်အထက်တန်းကျောင်းသူလေး ကီဇယာဟာ ပြီးခဲ့တဲ့ အပတ်ကကျောင်းကပွဲတစ်ခုမှာ ကီပေလို့ခေါ်တဲ့ တရုတ် အမျိုးသမီးရိုးရာဝတ်စံကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ တင်လိုက်တဲ့ သူ့ရဲ့ အဲဒီဓာတ်ပုံကို တွစ်တာအသုံးပြုသူ တရုတ်လူမျိုးဖြစ်တဲ့ ဂျဲရမီလမ်းက သူ့ရဲ့ ယဉ်ကျေးမှုကို ကျောင်းကပွဲဝတ်စုံအဖြစ်ဝတ်ခဲ့တဲ့အပေါ် ဝေဖန်လိုက်ပါတယ်။

 

အဲဒီလိုဝေဖန်လိုက်တာနဲ့ပတ်သက်ပြီး တရုတ်အမျိုးသမီးရိုးရာဝတ်စုံ ကီပေဟာ တချိန်က တရုတ်နိုင်ငံမှာ အမျိုးသမီးတွေ ဖိနှိပ်ခံရတဲ့အချိန်မှာ တီထွင်ဖန်တီးနိုင်ခဲ့တဲ့ အနုပညာလက်ရာတခုဖြစ်ရုံတင်မက နိုင်ငံရေးလှုပ်ရှားမှုရဲ့ သင်္ကေတတစ်ခုဖြစ်ကြောင်း မစ္စတာလမ်းက ရှင်းပါတယ်။

ဒါ့အပြင် ကီပေဝတ်စုံဟာ အမျိုးသမီးတစ်ယောက်ရဲ့ အိနြေ္ဒ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ ကျား၊မတန်းတူညီမျှမှုတို့ကို ဖော်ဆောင်စေပြီး၊ အမျိုးသမီးလွတ်မြောက်ရေးကို ဖော်ဆောင်စေတဲ့ သင်္ကေတတစ်ခုဖြစ်တဲ့အတွက် အာရှတဝှမ်းမှာလဲတွင်တွင်ကျယ်ကျယ်တွေ့မြင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်လူမျိုးတစ်ယောက်ဖြစ်တဲ့ မစ္စတာလမ်းက အခက်အခဲ အတားအတီးတွေကိုကျော်ဖြတ်ခဲ့ရတဲ့ သူ့လူမျိုးရဲ့ ယဉ်ကျေးမှုကို ဂုဏ်ယူကြောင်း၊ အဲဒီအခုလို အနောက်တိုင်းသားတွေကြားမှာ ဝတ်ဆင်တာဟာ ကိုလိုနီအတွေးအခေါ်သဘောတရားတွေနဲ့ အလားတူပဲလို့ သူကပြောပါတယ်။

 

မစ္စတာလမ်းရဲ့ ဝေဖန်မှုအပေါ်ထောက်ခံသူတွေကတော့ ကီဇယာရဲ့ ဓာတ်ပုံကို တွစ်တာပေါ်ကနေ ဖြုတ်ချဖို့ ပြောဆိုခဲ့ကြပေမယ့် ကီဇယာကတော့ လက်မခံခဲ့ပါဘူး။

သူ့အနေနဲ့ တရုတ်ရိုးရာကို မလေးစားတဲ့ သဘောမျိုးမဟုတ်ပဲ၊ အသိအမှတ်ပြုတဲ့အနေနဲ့ ဝတ်ဆင်ခဲ့တာဖြစ်တဲ့အတွက် ဖြုတ်ချမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဘီဘီစီနဲ့ အင်တာဗျူးမှာ ကီဇယာက သူ့အနေနဲ့ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ လူ့အသိုင်းအဝန်းမှာ အကုန်လုံးကို သိထားမှ လူမျိုးရေးခွဲခြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ပြောပါတယ်။

Source: BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က