In partnership with  logo

Dos/လုပ်ရန်

ခေါင်းဆောင်နိုင်ဖို့ အားပေးပါ။

10.jpg 

အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ အရည်အချင်းရှိကြပေမယ့် ရာထူးတိုးမြှင့်ခြင်းခံရဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်တတ်ကြပါတယ်။ နိုင်ငံရေးမှာလည်း ရွေးကောက်ပွဲတွေမှာ အမျိုးသမီးတွေဝင်အရွေးခံမယ်ဆိုရင် အမျိုးသားတွေနည်းတူ နိုင်ဖို့အလားအလာရှိပါတယ်။

အလုပ်နဲ့ မိသားစု

working father.jpg 

အလုပ်နဲ့ မိသားစု ဘယ်လို အချိန်ပေးလဲ။ ဒီမေးခွန်းကို အလုပ်လုပ်တဲ့ဖခင်တွေကို မေးပေးပါ။ ဒီလိုမေးခြင်းဖြင့် ဖခင်တွေမှာလည်း မိသားစုတာဝန်၊ အိမ်ထောင့်တာဝန်တွေရှိသေးတယ်ဆိုတာ သတိရစေပါတယ်။ အဲဒါကြောင့် မိသားစုနဲ့ အိမ်ထောင့်တာဝန်တွေကို ဦးစားပေးတဲ့ ဖခင်တွေကို လူရှေ့သူရှေ့မှာ ချီးကျူးစကားပြောပါ။

 

Don’ts/ရှောင်ရန်

ကလေးဘယ်သူနဲ့ ထားခဲ့လဲ။

working-mom-travel-tips-main.jpg 

မိခင်တစ်ယောက်ဟာ အလုပ်ကိစ္စနဲ့ ခရီးသွားပြီဆိုရင် သူတို့ရဲ့ လူမမယ်အရွယ်ကလေးလေးတွေကို ဘယ်သူနဲ့ ထားခဲ့သလဲလို့ မေးတတ်ကြပါတယ်။ ဒီမေးခွန်းမျိုးကို ကလေးအဖေတွေ အလုပ်ကိစ္စနဲ့ ခရီးထွက်တဲ့အခါမျိုးမှာ မေးလေ့သိပ်မရှိပါဘူး။ မိခင်တစ်ယောက်ဟာ ကိုယ့်ကလေးနဲ့ပတ်သက်ပြီဆိုရင် ဦးနှောက်ထဲမှာရော၊ နှလုံးသားထဲမှာပါ အမြဲစဉ်းစားလေ့ရှိပါတယ်။

အလုပ်နဲ့ မိသားစု

2013.3.20-women-work-life-balance-614xa.jpg

အလုပ်နဲ့ မိသားစု ဘယ်လို အချိန်ပေးလဲ။ ဒီမေးခွန်းကိုအမျိုးသားတွေကို မေးသင့်ပေမယ့် အမျိုးသမီးတွေကို မမေးဖို့တော့ အကြံပြုပါရစေ။ ဒီမေခွန်းမျိုးကို အောင်မြင်တဲ့ အမျိုးသမီးတွေကို မေးတာ မကြာခဏတွေ့လေ့ရှိပါတယ်။ အမျိးသမီးတစ်ယောက်ဟာ ကြိုးစားတာနဲ့ အမျှအောင်မြင်လာပြီဆိုရင် ကိုယ်ပိုင်အချိန်၊ မိသားစုအတွက်အချိန်ဆိုတာ နည်းလာပါပြီ။ ဒီမေးခွန်းကြောင့် အဲဒီအမျိုးသမီးဟာ သူ့ရဲ့ တာဝန်လစ်ဟင်းမှုတွေအပေါ် အားငယ်စိတ်ဝင်စေပြီး၊ သူ့ရဲ့အောင်မြင်မှုအတွက်လည်း နှောင့်နှေးမှုတရပ်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က