In partnership with  logo
“ကျွန်မကိုယ်မှာရှိတဲ့ အဆီပိုတွေ၊ အကြောပြတ်တဲ့နေရာတွေမြင်နေရတဲ့အတွက် ကျွန်မ မရှက်ပါဘူး”

ရေကူးဝတ်စုံကြော်ငြာတွေထဲက မော်ဒယ်တွေကို အပြစ်အနာအစာမရှိတဲ့ ကိုယ်လုံးတွေနဲ့ပဲ မြင်ဖူးကြမှာပါ။ နာမည်ကျော် Plus-size မော်ဒယ် Ashley Graham က သူနဲ့ကြော်ငြာတဲ့ ရေကူးဝတ်စုံပုံတွေကို လုံးဝမပြင်ဖို့ တောင်းဆိုလိုက်ပါတယ်။



 

ဖက်ရှင် နဲ့ မီဒီယာလောကမှာ ဓာတ်ပုံတွေကို ပြင်တဲ့ အလေ့အထရှိပေမယ့် ဓာတ်ပုံတစ်ပုံလှတယ်ဆိုတာ အစစ်ဖြစ်ဖို့လိုတယ်လို့ Ashley ပြောပါတယ်။

Instagram မှာ follower ၆သန်းကျော်ရှိတဲ့ Ashley ဟာ အားကစားမဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာ ပထမဆုံးဖော်ပြခြင်းခံရတဲ့ Plus-size မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

ရေကူးဝတ်စုံ အမှတ်တံဆိပ် Swimsuits for all နဲ့တွဲလုပ်နေတဲ့ Ashley က “ကျွန်မကိုယ်မှာရှိတဲ့ အဆီပိုတွေ၊ အကြောပြတ်တဲ့နေရာတွေမြင်နေရတဲ့အတွက် ကျွန်မ မရှက်ပါဘူး”လို့ သူကပြောပါတယ်။

 

ဒီနောက်ပိုင်း Instagram ပေါ်ကပုံတွေမှာ မိတ်ကပ်မလိမ်းတဲ့ပုံတွေ၊ ဝက်ခြံတွေကို မဖုံးထားတဲ့ပုံတွေ နဲ့ effect တွေ မသုံးတဲ့ပုံတွေကို တင်ပြီး အချင်းချင်းအားပေးကြတာကိုတွေ့ရပါတယ်။

ှှှSee also: 

ဆိုရှယ်မီဒီယာကြောင့် အမျိုးသမီးတွေကြားမှာ စိတ်ဓာတ်ကျလာတွေ၊ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု လျော့နည်းလာတာတွေကို တုန့်ပြန်တဲ့အနေနဲ့  ဗြိတိသျှရုပ်ရှင်မင်းသမီး Jameela Jamil ကလည်း အမျိုးသမီးတွေကို ခန္ဓာကိုယ်အလှထက် တခြားအောင်မြင်မှုတွေကို ဂုဏ်ယူနိုင်ဖို့ “I weigh”ကမ်ပိန်းကို စတင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က