In partnership with  logo
အက်တာအင်က သူတို့နှစ်ဦး အိမ်ခြေမဲ့ဘဝရောက်ပြီး တံတားအောက်မှာ အိပ်ခဲ့ရတယ်လို့ပြောပါတယ်။

အသက်(၁၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ နာမည်ကျော်ဟောင်ကောင်မင်းသား ဂျက်ကီချန်းသမီး အက်တာအင်က လိင်တူချစ်သူထားတာကို သဘောမတူတဲ့မိဘတွေကြောင့် သူနဲ့ သူ့ချစ်သူ အိုးမဲ့အိမ်မဲ့ဘဝကိုရောက်ခဲ့ရတယ်လို့ပြောပါတယ်။

 

ဧပြီလ ၂၄ရက်နေ့က ချစ်သူ အန်ဒီအော်တမ်နဲ့ အတူ Youtubeမှာတင်လိုက်တဲ့ ဗွီဒီယိုမှာ အက်တာအင်က သူတို့နှစ်ဦး အိမ်ခြေမဲ့ဘဝရောက်ပြီး တံတားအောက်မှာ အိပ်ခဲ့ရတယ်လို့ပြောပါတယ်။

အသက် ၃၀အရွယ်ရှိ ချစ်သူ အော်တမ်က မိသားစု၊ ခင်မင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို အကူအညီတောင်းပေမယ့် အားလုံးက သူတို့နှစ်ဦးကိုခွဲထားမယ့် အစိုးရစောင့်ရှောက်ရေးဂေဟာတွေကိုပဲသွားဖို့ အကြံပေးခဲ့တယ်လို့ပြောပါတယ်။

နောက်ပြီး ရဲစခန်း၊ ဆေးရုံ၊ နဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေကိုသွားပြီး အကူအညီတောင်းခဲ့ရာမှာလည်း ဘယ်သူမှဂရုမစိုက်ခဲ့ဘူးလို့ အင်က ပြောပါတယ်။

အင်ဟာ ပြီးခဲ့တဲ့နှစ်ဇွန်လက စိတ်မတည်ငြိမ်မှုခံစားခဲ့ရတဲ့အတွက် ဆေးရုံမှာ နှစ်လဆေးကုသမှုခံယူခဲ့ပြီး အောက်တိုဘာက လိင်တူချစ်သူတစ်ဦးဖြစ်တယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။

သိပ်မကြာခင်မြှတော့ သူဟာ ချစ်သူ ကနေဒါနိုင်ငံသူ အော်တမ်နဲ့ အတူနေထိုင်ခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။

အက်တာအင်ကို ၁၉၉၉ခုနှစ်က ဟောင်ကောင်စူပါစတား ဂျက်ကီချန်း နဲ့ အဲဒီအချိန်က သူ့ရဲ့ ချစ်သူ နာမည်ကျော်ဟောင်ကောင်အလှမယ်အီလိမ်းအင် မွေးဖွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က