In partnership with  logo
အရည်အချင်းရှိတဲ့မိန်းမဆိုတာ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ကြေကွဲမနေဘူး။

ကိုယ့်ခန္ဓာကိုယ်အပေါ် စိတ်တိုင်းမကျ ဖြစ်နေတာမျိုး ရှိလား။ ပိန်လို့၊ ဝလို့၊ မကိတ်လို့ ဆိုပြီး စိတ်ညစ်နေမယ့်အစား အဒဲလ်ပြောသွားတာတွေကို နားထောင်ကြည့်ပါဦး။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော အဒဲလ်ကတော့ ပိန်အောင်လည်းမကြိုးစားဘူး။ ဝိတ်လည်းမချဘူး။ အဲ့ဒီအစား သီချင်းကောင်းတွေကိုပဲ ဖန်တီးနေသူလေ။ ကိုယ်ပိုင်အရည်အချင်းအစစ်က ခန္ဓာကိုယ်နဲ့မဆိုင်ဘူးဆိုတာ အဒဲလ်က အကောင်းဆုံးသက်သေပါပဲ။

 

" မဂ္ဂဇင်းကာဗာက မော်ဒယ်တွေလိုမျိုး ဘယ်တော့မှ မဖြစ်ချင်ခဲ့ဘူး။ အမျိုးသမီးထုအများစုဘက်ကနေပဲ ကိုယ်စားပြုရပ်တည်ချင်တယ်။ အဲ့ဒီအတွက်လည်း အရမ်းဂုဏ်ယူတယ်"

" ကျွန်မရဲ့ပုံပန်းသွင်ပြင်နဲ့ ပတ်သက်ပြီး ကျွန်မမှာ ပြဿနာတစ်ခုမှ မရှိခဲ့ဖူးဘူး။ Gym သွားရတာထက်စာရင် ကျွန်မသူငယ်ချင်းတွေနဲ့ နေ့လယ်စာ သွားစားလိုက်မှာ"

 

" လူတွေတိုင်းကို သူ့တို့ကိုယ်သူတို့ သတိထားမိလာအောင် လုပ်ပေးတာလို့ပဲ ကျွန်မထင်တယ်။ လူတိုင်းက ကျွန်မလိုဆိုဒ်မျိုးလို့ မပြောဘူးနော်။ ဒါပေမဲ့ အဲ့တာက ဆက်စပ်နေတာ။ ဘာလို့လဲဆိုတော့ ကျွန်မက ပြီးပြည့်စုံနေတာမဟုတ်လို့ပဲ" ... အဒဲလ်ကိုယ်တိုင်က Gym သွားပြီး အားကစားလုပ်ရတာမကြိုက်တဲ့လူလေ။ စားလည်းစားတယ် ဝိုင်လည်းကြိုက်တဲ့လူပါ။

" ကျွန်မက ဂီတကို မျက်လုံးအတွက် လုပ်တာမဟုတ်ဘူး။ ဂီတကို နားတွေအတွက် ပြုလုပ်တာပါ"

 

အဒဲလ်က သူမရဲ့ ပုံပန်းသွင်ပြင် အလှအပတွေကို အရမ်းကြီး အာရုံစိုက်တာမဟုတ်ဘူး။ စာသားကောင်းကောင်းနဲ့ သီချင်းကောင်းတွေကိုပဲ ရေးသားသီဆိုနေတာ။ ဒါကြောင့်မို့လို့လည်း အဒဲလ်ထွက်သမျှသီချင်းတိုင်းက ပေါက်တာ။

Source : Bazaar

Share

Loading Next Article...
က္က