In partnership with  logo
အမျိုးသားသရုပ်ဆောင်တွေကလည်း အနက်ရောင်တွေကို ဝတ်ဆင်ကာ Time's Up စာတမ်းပါ ရင်ထိုးကို တပ်ဆင်ခဲ့ကြတာ တွေ့ရပါတယ်။

ဗြိတိန်ရဲ့ ရုပ်ရှင်ဆုပေးပွဲဖြစ်တဲ့ BAFTA ကို တနင်္ဂနွေညက လန်ဒန်မြို့ Royal Albert Hall မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ရုပ်ရှင်လောကသားတွေဟာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အနက်ရောင်တွေကို ဝတ်ဆင်ကာ Time's Up မှာ ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

 

Time's Up ကို အစပျိုးခဲ့တဲ့ အဖွဲ့ဝင်တွေက BAFTA ဆုပေးပွဲကို အနက်ရောင်တွေဝတ်ပြီး တက်ရောက်လာကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြတာပါ။ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အနက်ရောင်တွေဝတ်ခဲ့ကြသလိုမျိုး BAFTA ဆုပေးပွဲမှာပါ အနက်ရောင်တွေဝတ်ကာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုကို ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဆုပေးပွဲရဲ့ host ကလည်း Time's Up ရင်ထိုးကို ဝတ်ဆင်ခဲ့တာတွေ့ရတယ်။

 

အန်ဂျလီနာဂျိုလီ၊ ဂျနီဖာလောရင့်စ်၊ မားဂေါ့ရော်ဘီ၊ ဆီရိုရွှိုက်ရိုနန်၊ ဆယ်လ်မာ ဟေးယာ့ခ်၊ အမ်မာရောဘတ်၊ ရုသ်ဝီလ်ဆန်၊ လီလီဂျိမ်းစ်၊ လူပီတာ ညွှန်း အို တို့လို ထိပ်တန်းမင်းသမီးတွေနဲ့ အခြားအနုပညာရှင်တွေဟာ အနက်ရောင်တွေကို ဝတ်ဆင်ကာ Time's Up နဲ့အတူ စည်းလုံးမှုကို ပြသခဲ့ကြတယ်။ အမျိုးသမီးသရုပ်ဆောင်တွေသာမက အမျိုးသားသရုပ်ဆောင်တွေကလည်း အနက်ရောင်တွေကို ဝတ်ဆင်ကာ Time's Up စာတမ်းပါ ရင်ထိုးကို တပ်ဆင်ခဲ့ကြတာ တွေ့ရပါတယ်။

 

ရွှေကမ္ဘာလုံးဆုပေးပွဲတုန်းကလည်း အန်ရောင်တွေကို ဝတ်ဆင်ကာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုရဲ့သားကောင်ဖြစ်ခဲ့သူတွေဘက်က စည်းလုံးညီညွတ်စွာရပ်တည်ကြောင်း ပြသခဲ့ကြတယ်။ ကလေး ၆ ယောက်မိခင် အန်ဂျလီနာဂျိုလီရဲ့ အလှကလည်း အနက်ရောင်ဝတ်စုံနဲ့ ပေါ်လွင်နေခဲ့ပါတယ်။ အနက်ရောင်ဖက်ရှင်တွေဝတ် Time's Up ရင်ထိုးဝတ်လာတဲ့ အမျိုးသားတွေကတော့ သူတို့အနေနဲ့လည်း နယ်ပယ်အသီးအသီးက လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုတွေကို ဆန့်ကျင်ကြောင်း ပါဝင်ထောက်ခံခဲ့ပါတယ်။

Source : Justjared, Daily Mail

Share

Loading Next Article...
က္က