In partnership with  logo
လူကြီးတစ်ယောက်အနေနဲ့ ကလေးတွေကိုသွန်သင်တဲ့နေရာမှာ ကျန်းမာပြီး သဟဇာတမျှတတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ အကောင်းဆုံးသင်ကြားပေးဖို့လိုတယ်လို့ သမ္မတကတော်က ပြောပါတယ်။

မလာနီယာထရမ့် က အမေရိကန်သမ္မတကတော်ဖြစ်လာပြီး ၁၆လ အကြာမှာ သူ့ရဲ့ Be Best ကမ်ပိန်းကို မေလ ၄ရက်နေ့က တရားဝင်ကြေညာလိုက်ပါတယ်။ အဲဒီ ကမ်ပိန်းက ကလေးသူငယ်တွေရဲ့ ကျန်းမာရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုတိုက်ဖျက်ရေးနဲ့ အပြုသဘောဆောင်တဲ့ လူမှုကွန်ယက် သုံးစွဲမှုတို့ကို အဓိကထားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

လူကြီးတစ်ယောက်အနေနဲ့ ကလေးတွေကိုသွန်သင်တဲ့နေရာမှာ ကျန်းမာပြီး သဟဇာတမျှတတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ အကောင်းဆုံးသင်ကြားပေးဖို့လိုတယ်လို့ သမ္မတကတော်က ပြောပါတယ်။

ကျန်းမာရေးဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် မွေးလာတဲ့ ရင်သွေးမှာတွေ့ရတဲ့ ရောဂါလက္ခဏာတွေ ပါဝင်တယ်လို့ အိမ်ဖြူတော်မှာမြက်ခင်းပြင်မှာပြောတဲ့သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

Be Best ကမ်ပိန်းမှာ ပါဝင်တဲ့ ဆိုရှယ်မီဒီယာ ဆိုတဲ့အချက်မှာတော့ မလာနီယာ က “ကလေးသူငယ်တွေဟာ ဒီကနေ့ အွန်လိုင်းပေါ်မှာ ကောင်းတာရော၊ မကောင်းတာရော မြင်တွေ့နေရတယ်။ ကောင်းတဲ့အချက်ကို စောစောသင်ယူနိုင်ရင်တော့ ကလေးတွေအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတစ်ခုဖြစ်တာပေါ့” လို့ပြောပါတယ်။

မလာနီယာ ထရမ့် ရဲ့ ခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ တွစ်တာလူမှုကွန်ယက်ပေါ်မှာ သူ့ရဲ့ ကြမ်းတမ်းတဲ့ပြောဆိုမှုတွေကြောင့် လူအများရဲ့ ဝေဖန်မှုကို မကြာခဏခံရလေ့ရှိပါတယ်။

 

မလာနီယာရဲ့ Be Best ကမ်ပိန်းလိုပဲ မစ်ရှဲအိုဘားမားကလည်း သူသမ္မတကတော်ဘဝတုန်းက ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့ လှုံ့ဆော်တဲ့ Let’s Move ကမ်ပိန်းကို လုပ်ဆောင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က