In partnership with  logo
အာဂမိခင်ပဲနော်

အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်မှာ သူနာပြုနဲ့ လက်သည်အလုပ် လုပ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ရင်သွေးကို C-section နဲ့ ကိုယ်တိုင်မီးဖွားခဲ့ပါတယ်။ အံ့မခမ်း ဖြစ်ရပ်တစ်ခုလို့လည်း ဆိုရမှာပါပဲ။

 

အသက် ၃၄ နှစ်အရွယ် Emily Dial ဟာ သူမရဲ့ တတိယမြောက်ရင်သွေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကိုယ်တိုင်မွေးလိုက်တာပါ။ C-section လို့ခေါ်တဲ့ Cesarean sections နည်းလမ်းဟာ ဆရာဝန်တွေရော မိခင်တွေပါ ညွှန်းလေ့ရှိတဲ့ မွေးခြင်းမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ Dial ကတော့ သူ့ရဲ့ကလေးကို ဒီနည်းနဲ့မွေးနိုင်ခဲ့တယ်။

 

Dial ဟာ အခြားမိခင်တွေကို C-section နဲ့ အကြိမ်ပေါင်းများစွာ မွေးဖွားပေးခဲ့တယ်။ သူ့ကိုယ်တိုင်အတွက်တော့ ဒီလိုမီးဖွားလိုက်နိုင်တာဟာ သူ့ဘဝရဲ့ ပြီးပြည့်စုံဆုံး အခိုက်အတန့်တစ်ခုပါပဲလို့ ဆိုပါတယ်။

 

မီးဖွားနေချိန် တစ်လျှောက်လုံးကိုလည်း ဓာတ်ပုံတွေရိုက်ကူးစေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း သူ့ရဲ့ ပထမဆုံးရင်သွေးကို ကိုယ့်ဘာသာပဲ မီးဖွားခဲ့ဖူးပါသတဲ့။ အံ့သြစရာ အာဂအမျိုးသမီးတစ်ဦးပါပဲ။

Source : Daily Mail

Share

Loading Next Article...
က္က