In partnership with  logo
ကျွန်မတို့မှာ တူညီတဲ့လွတ်လပ်ခွင့် ရှိကြတယ်။

အမေရိကန် Rapper လေး Cardi B ကလည်း အမျိုးသမီးဝါဒီတစ်ယောက်ပါ။ အမျိုးသမီးဝါဒီအကြောင်း Cardi B ကို မေးမြန်းခဲ့တယ်။ သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်ဖြစ်နေရတဲ့အတွက်လည်း ဂုဏ်ယူနေသူပါ။

 

" Feminist တစ်ယောက် ဖြစ်ရတာက အရမ်းကိုကောင်းတဲ့အရာတစ်ခုပါ"လို့ ဂုဏ်ယူစွာနဲ့ပြောတယ်။ " တချို့လူတွေက ထက်မြက်ကြပေမဲ့ လက်တွေ့ကျတဲ့အမြင် မရှိကြဘူး။

 

သူတို့ထင်တာက အမျိုးသမီးဝါဒီဆိုတာ ဘွဲ့ရမှ၊ အရာရှိဖြစ်မှ၊ စီးပွားရေးသမားဖြစ်မှ ပြောသင့်တဲ့အရာလို့ တွေးကြတယ်။ မစ်ရှဲလ်အိုးဘားမားကပဲ အမျိုးသမီးဝါဒီဖြစ်နိုင်တယ်လို့ တွေးနေကြတယ်" ဆိုပြီး လူတွေ အထင်မြင်လွဲမှားနေတဲ့အပေါ် ကောက်ချက်ချတယ်။

 

"အမျိုးသမီးဝါဒီတစ်ယောက်ဖြစ်ရတာ အရမ်းကို ရိုးရှင်းပါတယ်။ ယောက်ျားတစ်ယောက်လုပ်နိုင်တဲ့အရာကို မိန်းမတစ်ယောက်ကလည်း လုပ်နိုင်ရမယ်။ ယောက်ျားတစ်ယောက်လုပ်နိုင်တာကို ကျွန်မလည်းလုပ်နိုင်တယ်။ ကျွန်မတို့မှာ တူညီတဲ့လွတ်လပ်ခွင့်ရှိကြတယ်လေ။" လို့ Cardi B က ပြောပါတယ်။

Share

Loading Next Article...
က္က