In partnership with  logo
"အမျိုးသမီးတွေဆိုတာ အရမ်းကို ထက်မြက်ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံမှုပါပဲ"

Dina Habib Powell ဟာ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ လက်ထောက် နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ ချမှတ်ရေးတွေမှာ ပါဝင်ဆောင်ရွက်နေရတဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ် ဒိုင်နာဟာ အိမ်ဖြူတော်မှာ တစ်နှစ်တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ သူမရဲ့အကြောင်းကလည်းစိတ်ဝင်စားစရာတွေ အပြည့်နဲ့ပါ။

 

ဒိုင်နာဟာ အော်စတင်က တက္ကဆက်တက္ကသိုလ်မှာ ပညာသင်ယူနေစဉ်အတွင်းမှာပဲ တက္ကဆက်ပြည်နယ်လွှတ်တော်အမတ်ရဲ့ ဥပဒေရေးရာလက်ထောက်ဖြစ်ခဲ့တယ်။ အမေရိကန်သမ္မတဟောင်း George W.Bush လက်ထက်မှာ အိမ်ဖြူတော်အမှုထမ်းညွှန်ကြားရေးမှူးအနက် အငယ်ဆုံးဖြစ်လာခဲ့တယ်။

 

သူမဟာ အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့သူ မဟုတ်ပါဘူး။ အီဂျစ်ကနေ အမေရိကကို ပြောင်းရွှေ့အခြေချလာသူဖြစ်တယ်။ ငယ်စဉ်ကလေးဘဝမှာ အမေရိကန်အိပ်မက်တွေ မက်နေခဲ့တယ်လို့ ပြောဖူးတယ်။

၂၀၀၇ ခုနှစ်မှာတော့ အစိုးရအလုပ်ကို ကျောခိုင်းခဲ့ပြီး Goldman Sach မှာ အလုပ်ဝင်ခဲ့တယ်။ ဘဏ်ရဲ့ ပရဟိတဆိုင်ရာ အစီအစဉ်တွေမှာ စီမံခန့်ခွဲခဲ့တယ်။ အဲ့ဒီနောက်မှာတော့ Goldman Sachs Foundation ရဲ့ ဥက္ကဌ ဖြစ်လာခဲ့သလို Urban Investement Group ရဲ့ ခေါင်းဆောင်ဖြစ်လာကာ ဒေါ်လာသန်းပေါင်းရာနဲ့ချီတဲ့လုပ်ငန်းတွေကို စီမံခန့်ခွဲခဲ့ပါတယ်။ အမျိုးသမီးတွေအတွက် စွန့်ဦးတီထွင်နဲ့ ကနဦးခြေလှမ်းအစပျိုးဖို့အတွက် အာရုံစိုက် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

" စီးပွားရေး ကျဆင်းနေတဲ့ ဒီအချိန်မှာ ကျွန်မတို့ တကယ်ကူညီချင်တယ်ဆိုရင် ကမ္ဘာတစ်ဝန်းကလူတွေကို အလုပ်အကိုင်တွေ ပိုဖန်တီးပေးရမယ်။ စီးပွားရေးတည်ငြိမ်မှု သေချာအောင် လုပ်ရမယ်။ အမျိုးသမီးတွေဆိုတာ အရမ်းကို ထက်မြက်ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံမှုပါပဲ" လို့ ဒိုင်နာပေါ့ဝဲလ်က ၂၀၁၁ ခုနှစ်တုန်းက Charlie Rose ကို ပြောခဲ့တယ်။ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်အာဏာ ပေးခြင်းဟာ ကမ္ဘာကိုပြောင်းလဲစေမယ့် ဖြေရှင်းနည်းဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

Source : Cosmo

Share

Loading Next Article...
က္က