In partnership with  logo
ကျွန်မ တတ်နိုင်တာတွေ အများကြီးရှိတယ်ဆိုတာကို သက်သေပြချင်တယ်။

Mélanie Ségard ဆိုတဲ့ ကောင်မလေးရဲ့ အိပ်မက်က မိုးလေဝသသတင်း ကြေညာသူ ဖြစ်ချင်တာပါ။ အသက်က ၂၁ နှစ် ရှိပြီ။ Down ရောဂါကြောင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးပါတယ်။ ခုတော့ သူလေးက France 2 ရုပ်သံလိုင်းမှာ တကယ်ပဲ မိုးလေဝသအစီအစဉ်တွေ ကြေညာနေရပါပြီ။

 

ဒီလိုဖြစ်လာဖို့အတွက် အလွယ်တကူ ခွင့်ပြုချက်ရခဲ့တာတော့မဟုတ်ဘူး။ Mélanie လေးဟာ ဖေ့စ်ဘုတ်ပေါ်မှာ 'Mélanie peut le faire' (မယ်လန်နီ လုပ်နိုင်တယ်) ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့တာ။ Like တစ်သိန်းရရင် မိုးလေဝသအစီစဉ်ကြေညာခွင့်ပေးမယ်လို့ ထုတ်လွှင့်သူတွေက သူမကို ပြောခဲ့တယ်လေ။

 

Mélanie လေးရဲ့ လုပ်ဆောင်မှု အောင်မြင်ခဲ့တယ်။ Like တစ်သိန်းသာမကဘူး နှစ်ဆလောက်ရတဲ့အတွက်ကြောင့် Mélanie လေးရဲ့ အစီအစဉ်ကို ထုတ်လွှင့်ပေးခဲ့ပါတယ်။

 

" ကျွန်မက ကွဲပြားခြားနားပါတယ်။ ဒါပေမဲ့ ကျွန်မလုပိုင်တာ အများကြီးရှိတယ်ဆိုတာကို လူတိုင်းကိုပြချင်ပါတယ်။ TV ပေါ်ကနေ သက်သေပြချင်ပါတယ်" လို့ ပြောတယ်။

Source : Independent, Telegraph

Share

Loading Next Article...
က္က