In partnership with  logo
ကမ္ဘာမှာ ရပ်တည်နေရာယူထားကြတဲ့ အမျိုးသမီးတွေကို ကျေးဇူး အရမ်း အရမ်း တင်ပါတယ်။

Dua Lipa ဟာ BRIT Awards ဆုပေးပွဲမှာ British Female Solo Artist ဆုကို ရရှိခဲ့ပါတယ်။ ဆုလက်ခံရယူပြီးနောက် ကျေးဇူးတင်စကား ပြောရာမှာ အမျိုးသမီးတွေအတွက် ပြောသွားခဲ့တယ်။ ဝတ်လာတဲ့ဂါဝန်ကလည်းလှ၊ ဆုလည်းရတဲ့အပြင် စိတ်လှုပ်ရှားစရာစကားကို ပြောခဲ့တဲ့ Dua Lipa ကို အကုန်လုံးက ချီးကျူးကြရတယ်။

 

အသက် ၂၂ နှစ်အရွယ် Dua Lipa က " ဒီစတိတ်စင်ပေါ်ကို ကျွန်မမတိုင်မီ ရောက်နှင့်ခဲ့ကြတဲ့ မိန်းကလေးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ အဲ့တာကြောင့်မို့လို့ပဲ ကျွန်မလိုမျိုး မိန်းကလေးတွေဟာ ဒီနေ့မှာ ဒီလိုဖြစ်လာရတယ်၊ ဂီတနယ်ပယ်ထဲက မိန်းကလေးတွေတင်မဟုတ်ဘးူ လူမှုအသိုင်းထဲက မိန်းကလေးတွေရော စိတ်အားထက်သန်စရာ နေရာတစ်ခုဖြစ်လာတယ်။ ပြီးတော့ အိပ်မက်ကြီးကြီးမက်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်" လို့ ပြောသွားခဲ့တယ်။

 

" ကျေးဇူး အရမ်း အရမ်း တင်ပါတယ်။ ဒီစင်မြင့်တွေထက်က အမျိုးသမီးတွေအပြင် ဆုတွေရကြတဲ့ အမျိုးသမီးတွေရော ... ပြီးတော့ ကမ္ဘာမှာ ရပ်တည်နေရာယူထားကြတဲ့ အမျိုးသမီးတွေကိုရောပဲ" လို့ ထပ်ပြောခဲ့တယ်။ အမျိုးသမီးတွေကို သူတို့ရဲ့အိပ်မက်တွေနောက်ကိုလိုက်ဖို့ Dua Lipa က တိုက်တွန်းသွားခဲ့တယ်။

 

New Rules သီချင်းနဲ့ ပေါက်သွားခဲ့ပြီး IDGAF သီချင်းမှာပါ ဆက်လက်အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ BRIT Awards ဆုပေးပွဲကိုတော့ ဗုဒ္ဓဟူးနေ့ ညပိုင်းက လန်ဒန်မြို့မှာ ကျင်းပသွားခဲ့တာပါ။ ဒီပွဲမှာ သူက Time's Up ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ နှင်းဆီဖြူတစ်ပွင့်ကိုလည်း ကိုင်လာခဲ့ပါသေးတယ်။

Source : Radio One, Marie Claire

Share

Loading Next Article...
က္က