In partnership with  logo
ဒီအချက်တွေက အခြေခံအကျဆုံးလည်းဖြစ်သလို အထိရောက်ဆုံးပြောင်းလဲနိုင်မယ့်အရာတွေလည်းဖြစ်ပါတယ်။

မြန်မာအမျိုးသမီးတွေဟာ အခုဆိုရင် ကဏ္ဍအသီးသီးမှာ နေရာပိုယူလာနေကြပါပြီ။ လုပ်ပိုင်ခွင့်တွေလည်း ပိုရှိလာကြပါတယ်။ အမျိုးသမီးတွေရဲ့ဘဝ တိုးတက်မြင့်မားလာဖို့အတွက်ဆိုရင် ဒီအရာတွေက အခြေခံအကျဆုံးအချက်တွေ ဖြစ်ပါတယ်။

၁။ ကျား၊မ တန်းတူညီမျှတဲ့ အခွင့်အရေးတွေရဖို့ ပေါင်းစည်းခေါင်းဆောင်မှုတွေကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်ဖို့ လိုပါတယ်။

၂။ လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ ဆက်ဆံခံရဖို့ နေရာရဖို့ အရေးကြီးပါတယ်။ လူ့အခွင့်အရေးကို လေးစားရပါမယ်။ ခွဲခြားမှုတွေကို လက်မခံသင့်ပါဘူး။

 

၃။ အမျိုးသားအလုပ်သမားတွေသာမက အမျိုးသမီးအလုပ်သမားတွေပါ သူတို့ရဲ့ ကျန်းမာရေး၊ လုံခြုံမှုနဲ့ ကောင်းမွန်စွာနေထိုင်နိုင်မှုတို့ကို အာမခံပေးနိုင်ဖို့ လိုပါတယ်။

၄။ အမျိုးသမီးတွေအတွက် ပညာရေး၊ လေ့ကျင့်မှု နဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို ထောက်ပံ့ပေးရပါမယ်။

 

၅။ အမျိုးသမီးတွေကို ပိုပြီးထူးချွန်ထက်မြက်လာဖို့ လုပ်ငန်းခွင်ဖွံ့ဖြိုးတိုးတက်မှု ၊ ကုန်ပစ္စည်းဖြန့်ဝေမှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ လက်တွေ့လုပ်ဆောင်နိုင်မှုကို ထောက်ပံ့ပေးရပါမယ်။

၆။ ကျား၊မ အခွင့်အရေးရပိုင်ခွင့်များကို အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များထံမှတဆင့် ကြော်ငြာလှုံ့ဆော်ပေးရပါမယ်။

Share

Loading Next Article...
က္က