In partnership with  logo
"Feminism ဆိုတာ ယောက်ျားတွေကို မုန်းနေရတာမဟုတ်ဘူး"

ဇာတ်ကားထဲမှာသာမက အပြင်မှာပါ တကယ့် အမျိုးသမီးလူစွမ်းကောင်းလို့ Gal Gadot ပြောကြတယ်။ Wonder Woman မင်းသမီး ဂယ်လ်ဂါဒေါ့တ်နဲ့ Feminism (အမျိုးသမီးဝါဒ)အကြောင်းကို ပြောကြတဲ့အခါ သူ့ရဲ့အမြင်တွေ၊ ခံယူချက်တွေကို ပြောပြခဲ့တယ်။ ကလေးနှစ်ဦးမိခင် ဂါဒေါ့တ်ဟာ Wonder Woman ဇာတ်ကားကို ကိုယ်ဝန်လွယ်ထားရင်းနဲ့ ရိုက်ခဲ့သူပါ။ စစ်မှုလည်း ထမ်းခဲ့ဖူးတယ်။ အမျိုးသမီးတွေအတွက် အခွင့်အလမ်းနဲ့ရပ်တည်မှုတွေ ပိုရလာရေးအတွက်လည်း ထောက်ခံအားပေးသူ အမျိုးသမီးဝါဒီတစ်ဦးလည်းဖြစ်တယ်။

မိတ်ကပ်ဟာ အမျိုးသမီးဝါဒီမှာ နေရာတစ်ခုအဖြစ် ရှိနေသလားလို့ မေးခဲ့တယ်။ " ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရစေမယ့်၊ ပိုပြီးလှလာစေမယ့်၊ ပိုကောင်းတဲ့ ခံစားချက်မျိုး ဖြစ်စေတဲ့အရာမှန်သမျှက အမျိုးသမီးဝါဒီထဲ ပါတာပဲလေ" လို့ ဂါဒေါ့တ်က ပြောတယ်။ ဂါဒေါ့တ်ဟာ မကြာသေးခင်ကပဲ Revlon အလှကုန်အမှတ်တံဆိပ်ရဲ့ global ambassador ဖြစ်လာခဲ့သူပါ။

 

"အမျိုးသမီးဝါဒီဆိုတာ ယောက်ျားတွေကိုမုန်းတီးနေရတာမဟုတ်ဘူး၊ ဘရာတွေကို မီးရှို့နေရတာလည်းမဟုတ်ဘူး၊ တစ်စုံတစ်ဦးကို တိုက်ခိုက်နေရတာလည်း မဟုတ်ပါဘူး" " အဲ့တာကလေ ..... ပထမဆုံးက သာတူညီမျှမှုပါ၊ ပြီးတော့ လွတ်လပ်စွာရွေးချယ်ခွင့်လည်းဖြစ်ပါတယ်။ ဒီကမ္ဘာကြီးမှာ ကျွန်မတို့အားလုံးက အမျိုးသမီးဝါဒီတွေဖြစ်သင့်တယ်လို့ တွေးမိတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျား၊မ ခွဲခြားဆက်ဆံသူ မဖြစ်သင့်ဘူး။ အမျိုးသမီးဝါဒီတစ်ဦးအနေနဲ့တော့ ကျွန်မက အမျိုးသမီးတွေကိုချစ်တယ်" လို့ ဂါဒေါ့က သူ လက်ခံယုံကြည်ထားတဲ့ အမျိုးသမီးဝါဒီအကြောင်းကို ပြောပြတယ်။ အခြားသူတွေရဲ့ အမျိုးသမီးဝါဒီအပေါ် နားလည်မှုလွဲနေတာကိုပါ ရှင်းပြခဲ့တယ်။

 

ငယ်တုန်းကတော့ မိတ်ကပ်ကိုကြိုက်လှတယ်ရယ်မဟုတ်ဘူး။ မော်ဒယ်စလုပ်တော့မှသာ မိတ်ကပ်ရဲ့ တန်ဖိုးကိုနားလည်ပြီး မိတ်ကပ်လိမ်းဖြစ်ခဲ့တာလို့ဆိုတယ်။ မိတ်ကပ်လိမ်းတဲ့အခါ ပိုလာတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရလာစေတယ်ဆိုရင် လိမ်းသင့်တာပေါ့လို့ ဂါဒေါ့တ်က ပြောတယ်လေ။

Source : WWD

Share

Loading Next Article...
က္က