In partnership with  logo
ကျွန်မက No .... no .... no လို့ပဲ ငြင်းပစ်ခဲ့တာ။

ဟောလိဝုဒ်ရဲ့ ထိပ်တန်းပရိုဂျူဆာတစ်ဦးဖြစ်တဲ့ Harvey Weinstein ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခဲ့ကြောင်း အမျိုးသမီးသရုပ်ဆောင်တွေက တစ်ဦးပြီးတစ်ဦး ပြောလာကြတဲ့အထဲမှာ မင်းသမီး Salma Hayek လည်း ပါဝင်လာပါပြီ။ ဟာဗေးက ဒေါသပြင်းပြလွန်းတဲ့ ကြောက်စရာသတ္တဝါကြီးဖြစ်ပြီး သူမကိုလည်း ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။

 

New York Times သတင်းမှာ ဖော်ပြချက်အရ Weinstein က " ငါ မင်းကို သတ်ပစ်မယ်၊ မလုပ်နိုင်ဘူးလို့တော့ မထင်လိုက်နဲ့" ဆိုပြီး  Hayek ကို ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါဇင်ပေါင်းများစွာသော အမျိုးသမီးသရုပ်ဆောင်တွေဟာ Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ခံခဲ့ကြရတာပါ။ အဲ့ဒီ အမျိုးသမီးသရုပ်ဆောင်တွေထဲမှာ Rose McGowan ၊ Angelina Jokie ၊ Gwyneth Paltrow တို့လည်း ပါဝင်ခဲ့ပြီး Weinstein ရဲ့ စော်ကားနှောင့်ယှက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို ခံခဲ့ကြရတယ်လို့ ထွက်ဆိုထားကြပါတယ်။ ဒါပေမဲ့ Weinstein ကတော့ စွပ်စွဲချက် အားလုံးကို ငြင်းပယ်ထားပါတယ်။

 

အသက် ၅၁ နှစ်အရွယ် မက္ကဆီကန်-အမေရိကန်နွှယ်ဖွား မင်းသမီးက သူမအနေနဲ့ Weinstein နဲ့အတူ အလုပ်လုပ်ဖို့အတွက်ဟာ သူမရဲ့ အကြီးမားဆုံးသော ဆန္ဒ ဖြစ်ကြောင်း ပြောခဲ့ဖူးတယ်။ Weinstein က သူမအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်လာချိန်မှာ သူမအနေနဲ့ ငြင်းဆန်ခဲ့ကြောင်း Hayek က ပြောပါတယ်။

၂၀၀၃ ခုနှစ်က တွေ့ရတဲ့ Hayek

 

" သူနဲ့အတူရေချိုးဖို့အတွက် ဟင့်အင်းလို့ ငြင်းခဲ့တယ်၊ ကျွန်မရေချိုးနေတာကိုလည်း သူ့ကို ကြည့်ခွင့်မပေးခဲ့ဘူး၊ သူက ကျွန်မကိုနှိပ်နယ်ပေးမှာကိုလည်း ခွင့်မပြုခဲ့ဘူး၊ အဝတ်ဗလာနဲ့ သူ့မိတ်ဆွေတစ်ယောက်က ကျွန်မက နှိပ်ပေးမှာလည်း ခွင့်မပြုခဲ့ဘူး၊ သူကျွန်မကို oral sex လုပ်ပေးမှာလည်း ခွင့်မပြုခဲ့ဘူး၊ တခြားမိန်းမနဲ့ ကျွန်မ ဝတ်လစ်စလစ်ချွတ်ရမှာလည်း ငြင်းခဲ့တယ်" လို့ Hayek က ဆိုပါတယ်။ Hayekက No ဆိုတဲ့ စကားလုံးကို ပြောလွန်းလို့ Weinstein အတွက် အမုန်းဆုံးစကားလုံးဟာ No ဖြစ်နေနိုင်တယ်လို့တောင် သူမက မှတ်ချက်ပေးပါတယ်။

ငြင်းဆန်မှုတွေအတွက်တော့ Hayek ဟာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပိုက်ဆံထပ်မပေးဘဲ ဇာတ်ညွှန်းပြန်ရေးခိုင်းတာ၊ ရုပ်ရှင်ရဲ့ဝင်ငွေ ဒေါ်လာ ၁၀ သန်း ရအောင် လုပ်ခိုင်းတာ၊ A-list ဒါရိုက်တာတွေကို ချဉ်းကပ်ခိုင်းတာ၊ နာမည်ကြီးမင်းသားတွေနဲ့အတူ မထင်မရှားဇာတ်ကောင်နေရာက သရုပ်ဆောင်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း Weinstein ရဲ့ လုပ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

Aylssa Milano

 

Aylssa Milano ဟာ ပရိုဂျူဆာ Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုကို ခံခဲ့ရသူတွေအနက် တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။ သူမက #MeToo လှုပ်ရှားမှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တွစ်တာပေါ်ကတစ်ဆင့် စတင်ခဲ့သူပါ။ #MeToo ကမ်ပိန်းကို ပြုလုပ်နေကြတဲ့ ရည်ရွယ်ချက်က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်စော်ကားမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ပြုလုပ်နေကြပါတယ်။ အကယ်၍ မိမိကိုယ်တိုင်လည်း လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကား အကြမ်းဖက်ခံဖူးတယ်ဆိုရင် လူမှုကွန်ရက်ပေါ်မှာ #MeToo ဆိုတဲ့ စာနဲ့အတူ ကြုံခဲ့ရတဲ့အဖြစ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။

Source : BBC, NY Times

Share

Loading Next Article...
က္က