In partnership with  logo
အမျိုးသမီးတစ်ယောက်အနေနဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေထဲက ပြင်ဆင်စေချင်တာ ဘာဖြစ်မလဲ

ဖေ့စ်ဘုတ်ပေါ်မှာ #ItsNotOK လို့ ရေးထားတဲ့ စာရွက်လေးကိုကိုင်ပြီး ဓာတ်ပုံရိုက်ကာ တင်ထားတဲ့ပုံတွေကို သတိထားမိကြလား မဒီလေးတို့ရေ။ ဒီလှုပ်ရှားမှုဟာ မြန်မာမိန်းကလေးတွေအတွက် ရည်ရွယ်ပါတယ်။ မြန်မာအမျိုးသမီးတွေရဲ့ နေ့စဉ်လူမှုဘဝမှာ ခွဲခြားဆက်ဆံမှုတွေ၊ ကိုယ်ထိလက်ရောက်စော်ကားမှုတွေ၊ လှောင်ပြောင်မှုတွေနဲ့ အနိုင်ကျင့်မှုတွေကို ကြုံနေရပါတယ်။ အဲ့ဒီအတွက် ဒီလှုပ်ရှားမှုကို စတင်လိုက်တာပါ။

 

ဖေဖော်ဝါရီ ၁၅ ရက်နေ့က "Respect Her - သူမကိုလေးစားပါ" အမည်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာတစ်ခု စတင်လိုက်ပါတယ်။ ဒီစာမျက်နှာကို Myanmar Art Social Project က စတင်လိုက်တာဖြစ်ပြီး UNFPA က ကူညီပံ့ပိုးပေးတယ်လို့ သိရပါတယ်။ " နေ့စဉ်ဘဝမှာ တွေ့နေရတဲ့ အမျိုးသမီးတွေရဲ့ အဆင်မပြေမှုတွေကို express လုပ်တဲ့အနေနဲ့ ဒီ #ItsNotOK ကမ်ပိန်းလေးကို လုပ်ဖြစ်တာ ဖြစ်ပါတယ်။ အခုလာမယ့် နိုင်ငံတကာအမျိုးသမီးများနေ့ကို ဆင်နွှဲတဲ့အနေနဲ့ ဒီကမ်ပိန်းလေးကို လုပ်ဖြစ်တာပါ။ အွန်လိုင်းမှာရော offline အနေနဲ့ပါ လုပ်နေပါတယ်။ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ နှောင့်ယှက်ခံနေရမှုကို လူတွေသတိထားမိလာအောင် public performence တွေ လုပ်နေပါတယ်" လို့ Respect Her ကမ်ပိန်းကို ဦးဆောင်နေသူ မစန္ဒီက ပြောပါတယ်။

 

Offline လှုပ်ရှားမှုအနေနဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၅ နာရီက ပြည်လမ်းကန်ဘောင်၊ အင်းယားပန်းခြံအတွင်းမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကို ဖော်ပြတဲ့ သရုပ်ပြမှုတစ်ခုကိုလည်း ပြုလုပ်သွားခဲ့ပါတယ်။ ဘက်စ်ကားစီးရင် မြန်မာအမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေကို ကြုံတွေ့နေရလေ့ရှိပြီး ဒီလို အဖြစ်အပျက်တွေ လျော့ပါးလာအောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပွဲကိုလာရောက်သူတွေနဲ့ အမေးအဖြေများပြုလုပ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေနဲ့အတူ performance art ပြုလုပ်ခဲ့တယ်လို့ သူမကိုလေးစားပါ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

Its Not OK လှုပ်ရှားမှုကို အမျိုးသမီးတွေကလည်း ပါဝင်နေကြပါတယ်။ သူတို့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ #Its Not OK ဆိုတဲ့ စာတမ်းကို ကိုင်ဆောင်ကာ နေ့စဉ်ဘဝမှာ အဆင်မပြေတဲ့ အကြောင်းအရာတွေကို ရေးသားဖော်ပြနေကြတာ တွေ့ရပါတယ်။ အမျိုးသမီးတွေနဲ့အတူ အမျိုးသားတွေကလည်း ဒီလှုပ်ရှားမှုကို ထောက်ခံပါဝင်ကြတာတွေလည်း ရှိပါတယ်။ မဒီတို့ အမျိုးသမီးလေးတွေအနေနဲ့လည်း Its Not OK မှာ ပါဝင်နိုင်ပါတယ်။

 

#ItsNotOK စာသားကိုရေးပြီး စာရွက်ကိုကိုင်တာ ဓာတ်ပုံရိုက်ရပါမယ်။ ပြီးရင် အဲ့ဒီပုံကို ဖေ့စ်ဘုတ်ပေါ်မှာ #ItsNotOK #အဆင်မပြေဘူး hashtag နှစ်ခုနဲ့အတူ အမျိုးသမီးတစ်ဦးအနေနဲ့ လက်ရှိလူမှုအဖွဲ့အစည်းမှာ အဆင်မပြေတဲ့အရာတွေထဲကမှ ကိုယ်ပြင်စေချင်တဲ့အရာကို တင်ရုံပါပဲ။

Photos : Respect Her Facebook Page

Share

Loading Next Article...
က္က