In partnership with  logo
ဒါက ဘယ်စုံတွဲအတွက်မဆို တကယ်ကိုပျော်ဖို့ကောင်းတဲ့အချိန်ပါ။

ရက်ပိုင်းအတွင်းကမှ စေ့စပ်ပြီးစီးကြောင်း ကြေညာသွားခဲ့တဲ့ ဗြိတိန်မင်းသား ဟယ်ရီနဲ့ အမေရိကန်သရုပ်ဆောင် မီဂန်မာကယ်တို့အပေါ် ဟယ်ရီရဲ့ မရီး တော်စပ်သူ ကိတ် မစ်ဒယ်လ်တန်က ပထမဆုံးအကြိမ်အဖြစ် သူမရဲ့အမြင်ကို ထုတ်ပြောလိုက်ပါတယ်။ ကိတ်ဟာ ဟယ်ရီရဲ့အစ်ကို ဝီလျံရဲ့ ကြင်ယာတော်အဖြစ်နဲ့ ဟယ်ရီကို သိကျွမ်းရုံ မကပါဘူး။ မောင်နှမ အရင်းချာလို ဟယ်ရီနဲ့ ရင်းနှီးသူလည်းဖြစ်ပြီး သူတို့နှစ်ဦး မကြာခဏ စကားတွတ်ထိုးနေတာ၊ ပြုံးရွှင်နေကြတာတွေကိုလည်း သတင်းဓာတ်ပုံတွေမှာ တွေ့ရလေ့ရှိပါတယ်။

 

အင်္ဂါနေ့တုန်းက ယူကေရဲ့ ပထမဆုံး ကလေးသူငယ်ပရဟိတအဖွဲ့ ၊ ပထမဆုံး public art gallery ဖြစ်တဲ့ Foundling Museum ကို သွားရောက်လည်ပတ်စဉ်မှာ ကမ်းဘရစ်ချ် မြို့စားကတော်က ဟယ်ရီတို့အကြောင်းကို ပြောခဲ့တာပါ။ သူမကလည်း ဟယ်ရီနဲ့မီဂန်တို့ စေ့စပ်လိုက်တဲ့အပေါ် ပျော်ရွှင်နေပါတယ်။ " ဝီလျံရော ကျွန်မပါ လုံးဝကို စိတ်လှုပ်ရှားသွားခဲ့တာ။ ဒါက ဘယ်စုံတွဲအတွက်မဆို တကယ်ကိုပျော်ဖို့ကောင်းတဲ့အချိန်ပါ။ သူတို့ကို အကောင်းဆုံးဆန္ဒတွေရှိပြီး ဒီအခိုက်အတန့်မှာ ပျော်ရွှင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဆိုတဲ့အကြောင်း သတင်းထောက်တွေကို ကိတ်က ဖြေသွားခဲ့တယ်။

" ကျွန်တော်သူနဲ့တွေ့နေခဲ့တာ ကြာပြီ။ ဘယ်သူ့ကိုမှ မပြောခဲ့တာ" လို့ မီဂန်နဲ့အတူဖြေကြားရတဲ့ အင်တာဗျူးမှာ ဟယ်ရီက ပြောသွားတယ်။ ဒါကြောင့်မို့လို့လည်း ဟယ်ရီတို့သတင်းဟာ ကိတ်အတွက် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့တာနေမှာ။

 

ဗြိတိန်ဘုရင်မကြီးရဲ့ မြေးတော် မင်းသားဟယ်ရီဟာ အမေရိကန်သရုပ်ဆောင် မီဂန် မာကယ်နဲ့ ၁၆ လကြာ တွဲခဲ့ပြီးနောက် စေ့စပ်လိုက်ကြတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မေလအတွင်း မင်္ဂလာပွဲကို ဆင်နွှဲသွားကြတော့မှာပါ။ ကိတ်မစ်ဒယ်လ်တန်ကတော့ ဝီလျံအတွက် တတိယမြောက်ရင်သွေးလေးကို ဧပြီလအတွင်းမှာ မွေးဖွားပေးတော့မှာ ဖြစ်ပါတယ်။

Source : Travel Leisure

Share

Loading Next Article...
က္က