In partnership with  logo
ခိုင်လီဟာ သူမရဲ့ အလှကုန်ပစ္စည်းရောင်းချရတဲ့ အကျိုးအမြတ်တွေကနေ ကလေးတွေအတွက် ရံပုံငွေအဖြစ် လှူဒါန်းပေးခဲ့ပါတယ်။

ကိုယ်လုံးလှလှနဲ့ ချစ်စရာကောင်းလှတဲ့ကောင်မလေး ခိုင်လီဂျန်နာကို ယောက်ျားလေးတွေက လှလို့သိတယ်။ မိန်းကလေးတွေကတော့ သူမရဲ့အလှကိုရော Kylie Cosmestic တွေကြောင့်ရော သိကြပါတယ်။ ခိုင်လီဟာ သူမရဲ့ အလှကုန်ပစ္စည်းရောင်းချရတဲ့ အကျိုးအမြတ်တွေကနေ ကလေးတွေအတွက် ရံပုံငွေအဖြစ် လှူဒါန်းပေးခဲ့ပါတယ်။

 

Smile Train ဆိုတဲ့ အဖွဲ့ဟာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးတွေကို ခွဲစိတ်ကုသပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ခိုင်လီဟာ Smile Train အတွက် ရံပုံငွေရှာဖွေပေးဖို့ ဆုံးဖြတ်ခဲ့ပါသတဲ့။

 

ခိုင်လီဟာ ကလေးတွေကိုလည်း ရင်းရင်းနှီးနှီးလေး ထွေးပွေ့ပေးခဲ့ပါသေးတယ်။ ခုဆို သူမ ရှာဖွေပေးတဲ့ ရံပုံငွေတွေကနေ ကလေးအတော်များများကိုလည်း နှုတ်ခမ်းကွဲတာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ခိုင်လီလေးက ခုမှ အသက် ၂၀ ပဲ ရှိသေးတယ်ဆိုပေမဲ့ အရမ်းကို အောင်မြင်နေသူလေးပါ။

Source : Mail Online

Share

Loading Next Article...
က္က