In partnership with  logo
အစကတော့ နောက်ကွယ်ကနေပဲ ကူညီပေးချင်ခဲ့တာ။ နောက်တော့ အမျိုးသမီးတွေအတွက် လှုပ်ရှားမှုတွေ လုပ်ဖြစ်လာတယ်။

Melinda Gates ဆိုတာ ကမ္ဘာကိုလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးတွေထဲက တစ်ဦးအပါအဝင်ပါ။ ကြွယ်ဝချမ်းသာမှု၊ ထက်မြက်မှုနဲ့ ပရဟိတလုပ်ငန်းတွေ အားစိုက်လုပ်ဆောင်နေတဲ့ သူမဟာ အမျိုးသမီးတွေအတွက် အားကျအတုယူစရာ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်။ Gates Foundation ကို ခင်ပွန်းဖြစ်သူနဲ့အတူ စတင်ထူထောင်ခဲ့တယ်။

 

" ကျွန်မ နောက်ကွယ်ကနေပဲ ကူညီပေးချင်ခဲ့တာ။ ဖောင်ဒေးရှင်းကအလုပ်လုပ်တော့ ကလေးတွေကလည်း ငယ်သေးတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်မက သူတို့ကို ကျောင်းကိုရောက်စေချင်တယ် ၊ ပြီးတော့ ကိုယ်ပိုင်ဖြစ်တည်မှု ရှိစေချင်တယ်" လို့ မီလင်ဒါဂိတ်စ်က CNBC မှာ ပြောသွားတယ်။ လက်ရှိမှာလည်း မီလင်ဒါက Bill & Melinada Gates Foundation မှာ တွဲဖက်ဥက္ကဌအဖြစ်နဲ့ တာဝန်ယူထားပြီး ပရဟိတအလုပ်တွေ လုပ်နေသူပါ။

 

အငယ်ဆုံးကလေး မူကြိုမရောက်မီအထိ ဖောင်ဒေးရှင်းအတွက် အချိန်အများကြီး မပေးနိုင်ဘူးလို့ သူမက အမြဲတမ်း ပြောနေခဲ့တာ။ နောက်တော့ သမီးအငယ်ဆုံးလေး မူကြိုရောက်တာနဲ့ ဖောင်ဒေးရှင်းအတွက် အချိန်တွေ ပိုပိုပြီး ပေးလာတယ်။ ဖောင်ဒေးရှင်းမှာ ပိုပြီး အလုပ်တွေလုပ်တာနဲ့အမျှ ကမ္ဘာအနှံ့က အမျိုးသမီးတွေရဲ့ ရင်တွင်းစကားသံတွေကို ကိုယ်စားပြုဖော်ပြပေးနိုင်ဖို့ နားလည်လာခဲ့တယ်။ အဲ့တာနဲ့ပဲ သူမရဲ့ ကိုယ်တိုင်ပဲ အမျိုးသမီးတွေအတွက် စကားတွေပြောခဲ့၊ လုပ်ဆောင်နေခဲ့သူလည်း ဖြစ်လာပါတယ်။

 

" ဘီလ်နဲ့ မတူတဲ့ အတွေးအမြင်တွေကို ကျွန်မက ယူဆောင်လာနိုင်တယ်။ အဲ့ဒီအသံတွေကို ပိုပြီးတော့ ရှေ့ဆက်လုပ်ဆောင်သွားမယ်။ ဒါကြောင့်မို့လို့ ကျွန်မက လူတွေရှေ့မှာ ပိုပြီး စကားပြောဖြစ်လာခြင်းရဲ့ အစပါပဲ" လို့ မီလင်ဒါဂိတ်စ်က ပြောသွားခဲ့ပါတယ်။ နောက်ကွယ်မှာ ကူညီပံ့ပိုးဖို့သာ စိတ်ကူးခဲ့ပေမဲ့ သူဌေးမကြီးဟာ အမျိုးသမီးတွေအတွက် ကူညီပေးချင်စိတ်က ပိုများလာခဲ့တာကြောင့် ခုလိုပဲ လူတွေကြားထဲကို မကြာခဏသွားခဲ့ပြီး စကားတွေပြောကာ အားပေးမှုတွေ ပြုလုပ်ဖြစ်လာတာက လေးစားစရာပါပဲ။

Source : CNBC

Share

Loading Next Article...
က္က