AD
AD
AD

Bill & Melinda Gates Foundation ကို ပူးပေါင်းတည်ထောင်သူ မီလင်ဒါ ဂိတ်စ်ဟာ ဇန်နဝါရီ ၄ ရက်နေ့မှာ အမျိုးသမီးတွေအတွက် ရည်ရွယ်တဲ့ ထင်မြင်ချက်ဆောင်းပါးတစ်ပုဒ်ကို TIME မှာ ရေးသားခဲ့ပါတယ်။ ဆောင်းပါးခေါင်းစဉ်ကိုတော့ အမျိုးသမီးတွေအတွက် ခေတ်သစ်တစ်ခုဖြစ်ဖို့အတွက် အချိန်ရောက်ပါပြီလို့ ဆိုထားတယ်။ အမျိုးသမီးတွေဦးဆောင်တဲံ အဖွဲ့အစည်းတွေဟာ ကမ္ဘာကို တိတ်တဆိတ်ပြောင်းလဲပစ်နေတယ်လို့ ရေးထားပါတယ်။

play

 

၂၀၁၇ ခုနှစ်ဟာ အမျိုးသားတွေအတွက် စော်ကားအလွဲသုံးစားပြုဖို့စာ သိပ်ကိုလွယ်ကူနေပြီး အဲ့လိုပြုလုပ်ဖို့အတွက် အာဏာအရှိဆုံးဖြစ်ကြတယ်ဆိုတာကို နာကျင်စွာနဲ့ သတိရစေခဲ့တဲ့ နှစ်ဖြစ်ခဲ့တယ်။ Me Too လှုပ်ရှားမှု ပေါ်ပေါက်လာပြီးနောက်မှာ အားလုံးက တစ်လေသံတည်းထွက်လာကြတယ်။ ရဲရင့်တဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေကို ကျေးဇူးတင်ပါတယ်။ အမျိုးသမီးတစ်ယောက်ဆီက တီးတိုးစကားသံကို ကျော်သွားလိုက်ဖို့က အလွယ်လေးပါ။ လှုပ်ရှားမှုတစ်ခုကို လျစ်လျူရှုဖို့အတွက်ကတော့ အတော်ကို ခက်ပါတယ်။

play

 

အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေဟာ အောင်မြင်စွာ လှုံ့ဆော်တိုက်ပွဲဝင်နိုင်ခဲ့တယ်။ ပါကစ္စတန်က အလုပ်သမားအခွင့်အရေး၊ အီသီယိုးပီးယားက မုဆိုးမတွေရဲ့ အခွင့်အရေး၊ အင်ဒိုးနီးရှားက မသန်စွမ်းတွေရဲ့ အခွင့်အရေး စတာတွေအတွက် လှုပ်ရှားမှုတွေဟာ အောင်မြင်ခဲ့ပါတယ်။

play

 

ကမ္ဘာကြီးကို ပြောင်းလဲချင်တယ်ဆိုရင် ရှိပြီးသားလူတွေထံမှာ ရင်းနှီးမြှုပ်နှံသင့်တယ်။ ၂၀၁၈ ခုနှစ်ဟာ ပိုကောင်းတဲ့အလုပ်ကိုရှာဖို့အတွက်နဲ့ အမျိုးသမီးတွေရဲ့လှုပ်ရှားမှုတွေအတွက် ရံပုံငွေရှာဖွေဖို့အတွက် ကျွန်မတို့ကိုယ်တိုင် စိန်ခေါ်ရမယ်ဆိုတဲ့သဘောပါပဲ။ နယ်သာလန်နဲ့ ကနေဒါတို့မှာ အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့လှုပ်ရှားမှုတွေအတွက် ရင်းနှီးမြှုပ်နှံပေးခဲ့ကြတယ်။ သူမနဲ့ ဘီလ်ကလည်း လုပ်ဆောင်ကြဦးမယ်လို့ မီလင်ဒါက ရေးသားထားပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD