In partnership with  logo
ကျွန်မကတော့ အမျိုးသမီးတွေအတွက် ဆက်လက်လုပ်ဆောင်နေဦးမှာပါ

မီလန်ဒါဂိတ်စ်ဟာ အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦး၊ နည်းပညာနယ်ပယ်ရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးအပြင် အမျိုးသမီးတွေအတွက် ဦးဆောင်ဦးရွက်ပြု လုပ်ဆောင်နေတဲ့ ပရဟိတသမားတစ်ဦးပါ။ ကမ္ဘာပေါ်က ၂၂၅ သန်းသော အမျိုးသမီးတွေဟာ ၂၀၂၀ ခုနှစ်မှာ သန္ဓေတားထိန်းချုပ်မှု ရရှိဖို့၊ မိသားစုကိစ္စတွေအတွက် လစာမဖြတ်ဘဲ ခွင့်ရဖို့နဲ့ Silicon Valley က bro-topia culture ကို ပြောင်းလဲဖို့ စဉ်ဆက်မပြတ် ကြိုးစားနေခဲ့သူပါ။ သူမရဲ့ မိသားစုကို #MeToo နဲ့ပတ်သက်ပြီး ဘယ်လိုဆွေးနွေးဖြစ်တယ်ဆိုတာကို ပြောပြထားတယ်။

 

" ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ ဒါမှမဟုတ် ကျွန်မသိတဲ့ အမျိုးသမီးတွေရဲ့ ဖြစ်ရပ်တွေ ၊ ဘီလ်ဂိတ်စ်သိတဲ့ ဖြစ်ရပ်တွေကို ပိုပြီး ပြောပြသွားဖို့ ရှိပါတယ်" လို့ #MeToo နဲ့ ပတ်သက်ပြီး မီလင်ဒါက ပြောပါတယ်။ #MeToo ဟာ အရမ်းကိုပျံ့နှံ့နေပြီး အရမ်းကိုတောက်ပတဲ့အလင်းရောင်တစ်ခုထွက်ပေါ်လာသလိုပဲလို့ တင်စားတယ်။ လှုပ်ရှားမှုတွေက မပြီးဆုံးသေးပါဘူးတဲ့။

အမျိုးသမီးတွေအနေနဲ့လည်း ဒါကို ပါဝင်ဖို့ သူမက တိုက်တွန်းပါတယ်။ ကိုယ်တိုင်မပါဝင်သေးသမျှ ပြောင်းလဲမှာမဟုတ်ဘူးလို့ဆိုတယ်။ " ရှင်က အာဖရိက ရွာလေးမှာနေတာဖြစ်ဖြစ် နယူးယော့ခ်မြို့ကြီးမှာနေတာဖြစ်ဖြစ် ကျွန်မဂရုမစိုက်ဘူး။ အမျိုးသမီးတွေအတွက် အမျိုးသားတွေတောင် ရပ်တည်ပေးနေတယ်ဆိုရင် ... ကျွန်မအနားမှာ အမျိုးသမီးတွေအတွက် ရပ်တည်ပေးနေတဲ့ ယောက်ျားတွေ အများကြီးရှိတယ်၊ ရှင်လည်း ပါဝင်မှ အပြောင်းအလဲဖြစ်လာမှာပါ" လို့ မီလင်ဒါက တိုက်တွန်းထားတယ်။

 

နည်းပညာနယ်ပယ်ထဲက အထင်ကရ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရှယ်ရီဆန်းဘတ်ကလည်း ဒီလှုပ်ရှားမှုတွေမှာ ပါဝင်လာတဲ့အပေါ် မီလင်ဒါက ဂုဏ်ယူပါသတဲ့။ အခု ဘယ်လိုတွေဖြစ်နေပြီဆိုတာသိရင် အဲ့ဒီ (အမျိုးသမီးတွေအပေါ်စော်ကားတဲ့) ယောက်ျားတွေ ကြောက်ကုန်မှာပဲလေ၊ ဟုတ်တယ်မလား" လို့ မီလင်ဒါက အင်တာဗျူးသူကိုတောင် ပြောခဲ့ပါတယ်။

Source : Glamour

Share

Loading Next Article...
က္က