In partnership with  logo
#MeToo လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ရုပ်သံစီးရီးတစ်ခုကို လုပ်နေတယ်လို့ ဆိုပါတယ်။

အော်စကာဆုရှင် ဂျနီဖာလောရင့်စ်ဟာ သရုပ်ဆောင်အလုပ်ကနေ တစ်နှစ်ကြာ နားပြီး တက်ကြွလှုပ်ရှားမှုတစ်ခု လုပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ အမျိုးသမီးတွေအတွက် ဦးတည်လှုပ်ရှားနေကြတဲ့ #MeToo လှုပ်ရှားမှုကို သူမက လုပ်ဆောင်တော့မှာပါ။

 

#MeToo လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ရုပ်သံစီးရီးတစ်ခုကို လုပ်နေတယ်လို့ ဆိုပါတယ်။

 

E! News ရဲ့ ရုပ်သံအစီအစဉ်မှူး Catt Sadler နဲ့အတူ ဂျေလောက ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဂျေလောကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ ၂ လတည်းက အစီအစဉ်တစ်ခု လုပ်နေကြောင်း လူမှုကွန်ရက်တွေကနေ အသိပေးထားခဲ့တယ်။ အဲ့ဒီမှာ " မင်းအကြောင်းကို မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ် Catt ရေ" လို့လည်း ရေးထားခဲ့တယ်။

 

သတင်းရင်းမြစ်တွေအရ ဂျေလောရဲ့ ယခုအစီအစဉ်ဟာ လက်ရှိမှာ ကမ္ဘာတစ်ဝန်းလှုပ်ရှားနေကြတဲ့ #MeToo လှုပ်ရှားမှုနဲ့ Time's Up ကို အဓိကထားသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟောလိဝုဒ်နဲ့ ကမ္ဘာတစ်လွှားက အမျိုးသမီး၊ အမျိုးသားကြား လုပ်ခလစာ ကွာဟမှုရဲ့ အရေးပါပုံကိုလည်း ဖော်ပြသွားမယ်လို့ဆိုပါတယ်။

Source : Hollywood Reporter, Just Jared

Share

Loading Next Article...
က္က