In partnership with  logo
#MeToo ငါလည်းပဲလိင်ပိုင်းဆိုင်ရာ စော်ကားခံဖူးပါတယ် လို့ခေါင်းစဉ်တတ်ပြီး  #MeTooMyanmar ဆိုတဲ့ hashtag ကို စတင်လိုက်ပါတယ်။

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးတစ်ခုဖြစ်တဲ့ #MeToo ကမ်ပိန်းကို လူမှုကွန်ယက်ပေါ်က မြန်မာအမျိုးသမီးတွေလည်း စတင်ပါဝင်လာကြပြီဖြစ်ပါတယ်။

 

Myanmar Beautiful အမည်ရှိ ဖေ့စ်ဘွတ်အကောင့်က သူ့ရဲ့ စာမျက်နှာမှာ #MeToo ငါလည်းပဲလိင်ပိုင်းဆိုင်ရာ စော်ကားခံဖူးပါတယ် လို့ခေါင်းစဉ်တတ်ပြီး  #MeTooMyanmar ဆိုတဲ့ hashtag ကို စတင်လိုက်ပါတယ်။

အဲဒီပို့စ်မှာ

သင်ရောဖြစ်ခဲ့ဖူးပေမယ့် တခြားသူတွေကို ပြောပြရမှာ ရှက်နေတာလား။

သင်လမ်းလျှောက်နေတဲ့အချိန် ယောက်ျားလေးတွေ သင့်ရဲ့ပုံစံကို ဝေဖန်ပြောဆိုတာတွေ မရှိဖို့မျှော်လင့်လား။

သင့်ကို ဟိုဟာဝတ် ဒီလိုမဝတ်နဲ့ ပြောတာတွေကို စိတ်ကုန်နေပြီလား။

သင့်ရဲ့ story လေးကိုပြောပြပေးပါဦး လို့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ခံရဖူးရင် ထုတ်ပြောဖို့ အားပေးထားပါတယ်။

 

အဲဒီပို့စ်အောက်မှာလည်း ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာနေထိုင်တဲ့ အမျိုးသမီးတချို့က ဘတ်စ်ကားပေါ် နဲ့ ဘုရားပွဲလို လူစည်ကားတဲ့နေရာမှာ စော်ကားခံရဖူးတယ်လို့ သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှထားပါတယ်။

ပို့စ်အောက်မှာ ရေးဖို့ အဆင်မပြေသူတွေကိုလည်း မက်ဆေ့ချ်ပေးပို့ဖို့ပြီး အမည်မဖော်လိုသူအဖြစ် ရေးသားဖော်ပြသွားမှာဖြစ်တယ်လို့ အဲဒီပေ့ချ်မှာ ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့လက ကျင်းပတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်းမှာလည်း မြန်မာအမျိုးသမီးအများစုဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့  ဘီဘီစီသတင်းမှာ ဖော်ပြသွားပါတယ်။

MeToo လှုပ်ရှားမှုကို အမေရိကန်နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးငယ်တွေကို ထောက်ပံ့ကူညီတဲ့ လှုပ်ရှားမှုအဖြစ် စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဟောလိဝုဒ် ပရိုဂျူဆာ ဟာဗီဝိုင်းစတိုင်းရဲ့ အမျိုးသမီးအနုပညာရှင်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုခဲ့တယ်ဆိုတဲ့ သတင်းကနေ #MeToo ဆိုတဲ့ လှုပ်ရှားမှုက ကမ္ဘာကို တုန်လှုပ်စေခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က