In partnership with  logo
အမျိုးသမီးတွေကို အားပေးချီးမြှောက်တဲ့ " The Lean In" ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ဖူးသူ ဖြစ်ပါတယ်။

Facebook ရဲ့ COO နေရာမှာ တာဝန်ယူထားတဲ့ Sheryl Sandberg ဟာ ကျား၊မ တန်းတူညီမျှရေးဝါဒမှာ လက်ရှိဖြစ်နေတဲ့ ကိစ္စတစ်ရပ်နဲ့ ပတ်သက်ပြီး အမျိုးသမီးတွေအဖို့ ဖြစ်လာနိုင်တဲ့ အလားအလာတွေကို သတိပေးလိုက်ပါတယ်။ တနင်္လာနေ့ မနက်တုန်းက သူမရဲ့ ဖေ့စ်ဘုတ်ပေါ်ကနေ ရေးလိုက်တာပါ။ ရှယ်ရီဟာ အမျိုးသမီးတွေကို အားပေးချီးမြှောက်တဲ့ " The Lean In" ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ဖူးသူ ဖြစ်ပါတယ်။

 

"လတ်တလောသတင်းခေါင်းစဉ်တွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှု ၊ အလုပ်ထဲက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအကြောင်း ကြီးစိုးနေတာကို မြင်ရတဲ့အခါ ကျွန်မရဲ့ခေါင်းထဲကို တူညီတဲ့စကားစုတစ်ခု ဝင်လာတယ်။ အဲ့တာကတော့ ခွန်အားပဲ၊ ရူးမိုက်မှုပဲ။ ကျွန်မအသက် ၄၈ နှစ်မှာ ကျွန်မအလုပ်လုပ်ခဲ့တဲ့နေရာတွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုတွေ တစ်ခါမှ မကြုံခဲ့ရဘူး။ ကျွန်မ ကံကောင်းလို့ပါ။ ခုချိန်ထိအောင် အမျိုးတိုင်းနီးပါးလို၊ ပြီးတော့ အချို့အမျိုးသားတွေလိုမျိုး ကျွန်မ မလိုချင်တဲ့ အတွေ့အကြုံတွေလည်း ရှိခဲ့တယ်။ အစည်းအဝေးတစ်ခုမှာတုန်းက ကျွန်မခြေထောက်ပေါ်ကို လက်တစ်ခု ရောက်လာခဲ့ဖူးတယ်။ ကျွန်မထက်အသက်အများကြီးပိုကြီးတဲ့ အိမ်ထောင်သည်အမျိုးသားက အလုပ်နဲ့ပတ်သက်တဲ့အကြံပေးပြီးတော့ အဲ့လိုလုပ်သွားတာ" ဆိုပြီး သူမရဲ့ ဖြစ်ရပ်ကိုလည်း ဖွင့်ချရေးသားခဲ့ပါတယ်။

 

လွန်ခဲ့တဲ့နှစ်လအတွင်း သြဇာကြီးမားတဲ့အမျိုးသားတွေကို လိင်ပိုင်းဆိုင်ရာအရ လက်မခံနိုင်တဲ့အပြုအမူတွေနဲ့ စွပ်စွဲနေတဲ့ သတင်းတွေ နေ့တိုင်း တွေ့နေရတယ်။ အဲ့ဒီအခါမှာ လူတွေက " ဒါကြောင့် မိန်းမတွေကို အလုပ်မခန့်သင့်တာ" ဆိုပြီး ပြောလာကြကြောင်း ရှယ်ရီက ရေးထားပါတယ်။ သူမရဲ့အမြင်ကတော့ ဒါကြောင့်မို့လို့ပဲ အမျိုးသမီးတွေကို ပိုအလုပ်ခန့်သင့်တယ်လို့ ဆိုတယ်။ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်ခံရမှုအတွက် ကာလရှည်ဖြေရှင်းမှု ဖြစ်တယ်လို့ သူမအမြင်ကို ရေးသားထားတယ်။ အမျိုးသားတွေဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝန်ထမ်းတွေကို သာတူညီမျှ ဆက်ဆံဖို့ ကြိုးပမ်းသင့်တယ်လို့လည်း ရေးထားတယ်။

 

အမျိုးသမီးတွေကို အလုပ်ထဲမှာ မှန်ကန်စွာပြုမူခြင်းဟာ သူတို့ကို လေးစားကြောင်းပြသရာထက် ပိုပါတယ်လို့ ရှယ်ရီကပြောပါတယ်။ ရှယ်ရီဟာ သူမရဲ့ပို့စ်ထဲမှာ အမျိုးသားတွေကိုရော အမျိုးသမီးတွေကို တန်းတူညီမျှဖြစ်ဖို့ ရေးသားထားခဲ့တာ တွေ့ရတယ်။ ရှယ်ရီရဲ့ ပို့စ်အောက်မှာတော့ မာ့ခ် ဇူကာဘတ်က ရှယ်ရီရဲ့ခေါင်းဆောင်မှုကို ကျေးဇူးတင်စကားဆိုထားပြီး အဖွဲ့အစည်းတွေအများကြီးကို ပိုတိုးတက်အောင် အကူအညီဖြစ်စေမယ့် ပေါ်လစီတွေ ပြုလုပ်သွားမယ်လို့ ဝင်ရောက် ရေးသားသွားပါတယ်။

Source : Huff Post

Share

Loading Next Article...
က္က