In partnership with  logo
ဒီလိုဖြစ်ရပ်မျိုးတွေ နောက်ထပ် ဘယ်တော့မှ မဖြစ်လာဖို့လိုတယ်။

အိုလံပစ်ချန်ပီယံ ၄ ကြိမ် ဖြစ်ဖူးတဲ့ ကျွမ်းဘားမယ်လေး Simone Biles ကလည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ဆန့်ကျင်တဲ့ #MeToo လှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။ အမေရိကန်ကိုယ်စားပြု ကျွမ်းဘားအသင်းရဲ့ ဆရာဝန် Larry Nassar က သူမအပေါ် လိင်အလွဲသုံးစားမှု လုပ်ခဲ့ကြောင်း ထုတ်ပြောလိုက်ပါတယ်။ သူမရဲ့ခံစားချက်ကို ထုတ်ဖော်တဲ့ ကြေညာချက်တစ်စောင် ထုတ်ခဲ့တာပါ။

 

Biles ကို လိင်အလွဲသုံးစားလုပ်ခဲ့တဲ့ ဆရာဝန်ကို ပြစ်မှုထင်ရှားကြောင်း စုံစမ်းတွေ့ရှိပြီးနောက် ကလေးသူငယ်လိင်အလွဲသုံးစားမှုနဲ့ ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့ပါတယ်။ Biles အပြင် နောက်ထပ် အိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်အားကစားသမား ၃ ဦးကိုလည်း Nassar က ဆေးဝါးကုသမှုအယောင်ဆောင်ပြီး လိင်အလွဲသုံးစားမှုကျူးလွန်ခဲ့ပါသေးတယ်။ " ဒီလို ကြောက်မက်ဖွယ်အတွေ့အကြုံကြီးကကျွန်မကို သတ်မှတ်လို့တော့မရပါဘူး။ ကျွန်မက အဲ့ဒီထက် အများကြီးပိုပါတယ်" လို့ အသက် ၂၀ အရွယ် Biles က ပြောပါတယ်။

ရီယိုအိုလံပစ်မှာ ရွှေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁ ခု ဆွတ်ခူးခဲ့တဲ့ Biles က သူမအပေါ် Nassar ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ခံစားချက်ကို #MeToo စာသားနဲ့အတူ တွစ်တာပေါ်မှာ ရင်ဖွင့်သွားခဲ့တာပါ။ လူတွေက သူမကို ပျော်ရွှင်တက်ကြွနေတဲ့ကောင်မလေးလို့ သိကြပေမဲ့ သူမမှာလည်း ကြေကွဲခံစားခဲ့ရတာတွေ ရှိပါတယ်။ အဲ့ဒီဖြစ်ရပ်အကြောင်းကို ထုတ်ပြောဖို့ မကြောက်တော့ဘူးလို့ ပြောတယ်။

 

" အသင်းရဲ့ယုံကြည်ရတဲ့ ဆရာဝန်ထံကနေ ဒီလိုကြောက်စရာလုပ်ရပ်မျိုး ပြုလုပ်ခံရတာက ပုံမှန်မဟုတ်ပါဘူး။ စိတ်ပျက်စရာ ၊ ရုန့်ရင်းကြမ်းတမ်းတဲ့ လက်မခံနိုင်တဲ့အပြုအမူပါ။ အထူးသဖြင့် ကျွန်မယုံကြည်တယ်လို့ ပြောခဲ့ဖူးတဲ့လူဆီက လာတဲ့ အပြုမူပေါ့။ အချိန်အတော်ကြာတဲ့ထိ ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေခဲ့တယ်... ငါအရမ်းနုံအနေလို့လား၊ ငါ့အမှားလားဆိုပြီး။ ခုတော့ အဲ့ဒီမေးခွန်းတွေအတွက် အဖြေရပါပြီ။ ဒါ ကျွန်မအမှားမဟုတ်ဘူး။ " လို့ သူမရဲ့ သဘောထားပြောင်းလဲမှုကိုလည်း ရေးထားတယ်။

 

သူငယ်ချင်းတွေ၊ ဒီလိုဖြစ်ရပ်မျိုးကြုံခဲ့သူတွေရဲ့ ဖြစ်ရပ်တွေကို ကြားခဲ့ရပြီးနောက်မှာ Biles ဟာ ပိုပြီးရဲရင့်လာခဲ့ပါတယ်။ ဒီအားကစားကို ချစ်မြတ်နိုးတာကြောင့်မို့လို့ ယောက်ျားတစ်ယောက်ကြောင့် ကိုယ်ချစ်တဲ့၊ ပျော်ရွှင်တဲ့အရာကို ခိုးယူသွားမှာကို ခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ ဒီလိုဖြစ်ရပ်မျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်အောင်လည်း လုပ်ကြရမယ်လို့ Biles ရဲ့ စာထဲမှာ ဖော်ပြခဲ့ပါတယ်။ စာနဲ့အတူ Feeling #MeToo လို့ ရေးသားကာ သူမအနေနဲ့လည်း ဒီလှုပ်ရှားမှုမှာ ပါဝင်လိုက်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

Source : BBC, Simone Biles Twitter

Share

Loading Next Article...
က္က