In partnership with  logo
အဲ့တာက ကျွန်မကို ဘယ်လောက်တောင်စိတ်ပျက်စေလဲဆိုတာ ရှင်တို့ကို ပြောလို့တောင်မရဘူး

အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ Hartford မြို့မှာ ကြာသပတေးနေ့တုန်းက Michelle Obama ဟာ လူပေါင်း ၂၈၀၀ ရှေ့မှာ စကားပြောသွားခဲ့ပါတယ်။ ဒီပွဲမှာ မစ်ရှဲလ်က အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်တဲ့အပြုအမူတွေကို ထုတ်ပြောနေကြတာကို အမျိုးသားတွေက မသိကျိုးကျွံ မနေသင့်ဘူးလို့ တိုက်တွန်းသွားခဲ့ပါတယ်။

 

" ကျွန်မတို့တွေက အမျိုးသမီးငယ်လေးတွေကို ကြံ့ခိုင်ပြီး ကိုယ်ပိုင်စေ့ဆော်မှုရှိဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ထောက်ခံအားပေးနေစေချင်တယ်ဆိုရင် ကျွန်မတို့မှာ လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာ နားလည်ဖို့လိုတယ်" လို့ မစ်ရှဲလ်က ဆိုပါတယ်။ အမျိုးသားတွေအနေနဲ့ ဒီလိုကိစ္စတွေကို ဘေးကနေရပ်ကြည့်ပြီး ကျေနပ်မနေသင့်ဘူးလို့လည်း ပြောသွားပါသေးတယ်။ " အဲ့တာက ကျွန်မကို ဘယ်လောက်တောင်စိတ်ပျက်စေလဲဆိုတာ ရှင်တို့ကို ပြောလို့တောင်မရဘူး" လို့လည်း သူမရဲ့ အားမလိုအားမရ ဖြစ်မှုကို ထုတ်ပြောခဲ့တယ်။

 

အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ ဇနီးသည် မစ်ရှဲလ် အိုဘားမားဟာ သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ အမျိုးသားတွေကြားမှာ ကြီးပြင်းလာခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ယူဆမိပါကြောင်း ပရိသတ်ကို ပြောခဲ့ပါတယ်။ " ကျွန်မပတ်ဝန်းကျင်က လူတွေဆီကနေ အပြုသဘောဆန်တဲ့စကားတွေ အများကြီး ရခဲ့တယ်။ လူငယ်အမျိုးသမီးတစ်ဦးအနေနဲ့ ကျွန်မကို ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ဘယ်တော့မှ မစော်ကားတဲ့ ၊ ရင့်ကျက်ခွန်အားရှိတဲ့ အမျိုးသားတွေ ကျွန်မဘဝမှာ ရှိခဲ့တယ်" လို့ ပြောသွားကြောင်း Hartford Courant သတင်းမှာ ဖော်ပြခဲ့ပါတယ်။

 

" ကျွန်မ ထုတ်ပြောနေဖို့တောင် မသင့်ပါဘူး။ ဒါပေမဲ့ မိန်းကလေးတွေ အန္တရာယ်ရှိနေတဲပ ကမ္ဘာကြီးမှာ နေနေရပြီဆိုရင် ယောက်ျားတစ်ယောက် ကျွန်မတို့ကို ဘာပြောတာဖြစ်စေ၊ ဒါမှမဟုတ် ကျွန်မတို့ဆီက အခွင့်အလမ်းတစ်ခုခု ယူသွားခံရရင်ဖြစ်စေ ဒါက ဝမ်းနည်းစရာတစ်ခုပါပဲ။ ကျွန်မကသာ ကံကောင်းခဲ့တာပါ" လို့ စိတ်မကောင်းစွာနဲ့ ဆိုခဲ့ပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က