In partnership with  logo
ထက်မြက်ပါးနပ်တဲ့ မစ်ရှဲလ်ဟာ စွယ်စုံရ အမျိုးသမီးတစ်ဦးဆိုလည်း မမှားဘူး။

အမျိုးသမီးတစ်ဦးဟာ ဘဝမှာ အောင်မြင်တဲ့မိသားစုကိုရော ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ်ကိုရော နှစ်မျိုးလုံး တပြိုင်တည်း ဖြစ်နိုင်တယ်ဆိုတာ Michelle Obama က သက်သေပြနေပါတယ်။ အမည်ရင်း Michelle LaVaughn Robinson Obama ဖြစ်တဲ့ မစ်ရှဲလ်ကို ၁၉၆၄ ခုနှစ် ၊ ဇန်နဝါရီ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားရဲ့ ဇနီးအဖြစ်နဲ့သာမက အမျိုးသမီးထုရဲ့ အထင်ကြီးလေးစားစရာ ခေါင်းဆောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ထက်မြက်ပါးနပ်တဲ့ မစ်ရှဲလ်ဟာ စွယ်စုံရ အမျိုးသမီးတစ်ဦးဆိုလည်း မမှားဘူး။

 

၁။ မစ်ရှဲလ်ဟာ နာမည်ကျော် Princeton တက္ကသိုလ်နဲ့ ဟားဗတ် ဥပဒေကျောင်းကနေ ဘွဲ့ရတာပါ။ ထူးချွန်တဲ့ ကျောင်းသားတစ်ဦးလို့ သက်သေပြနေတယ်။

၂။ ငယ်ရွယ်စဉ် အချိန်တည်းက စန္ဒယားတီးတာကို သင်ယူတတ်မြောက်ခဲ့တယ်။

၃။ ဥပဒေပညာရှင်အဖြစ်နဲ့ ဥပဒေအကျိုးဆောင်ရုံးမှာ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို စတင်ခဲ့တယ်။ အဲ့ဒီမှာ အိုဘားမားနဲ့ ဆုံခဲ့ပါတယ်။

၄။ Chicago တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနမှာ တွဲဖက်ဌာနမှူး ၊ University of Chicago Medical Centre မှာ ပြည်ပရေးရာနဲ့ အသင်း ဒုဥက္ကဌအဖြစ်လည်း လုပ်ခဲ့ဖူးတဲ့ ထူးချွန်ကျောင်းသူပါ။

 

၅။ သမ္မတကတော် ဖြစ်လာချိန်မှာ မစ်ရှဲလ်ဟာ အမျိုးသမီးတွေရဲ့ role model ဖြစ်လာတယ်။ ဆင်းရဲမွဲတေမှုသတိပြုရေး၊ ပညာရေး၊ အာဟာရ ၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု၊ ကျန်းမာတဲ့ စားသောက်မှု၊ ဖက်ရှင်ရေးရာတွေမှာ ဦးဆောင်လမ်းပြသူတစ်ဦး ဖြစ်လာခဲ့တယ်။ မိန်းကလေးတွေကို ပညာရေးလိုက်စားဖို့ အမြဲတိုက်တွန်းအားပေးတယ်။ ရည်းစားမထားခင်မှာ စာကို အရင်ဦးစားပေးပါလို့ တိုက်တွန်းတယ်။

၆။ ဖက်ရှင်ပိုင်းမှာဆိုလည်း ကျော့ရှင်းပြီး တင့်တယ်တဲ့အသွင်မျိုးဖြစ်အောင် အမြဲဝတ်တယ်။ ၂၀၀၈ ခုနှစ်တုန်းက People မဂ္ဂဇင်းရဲ့ ဝတ်စားဆင်ယင်မှုအကောင်းဆုံးအမျိုးသမီးတွေစာရင်းမှာ မစ်ရှဲလ်ကို ဖော်ပြခဲ့တယ်။ မစ်ရှဲလ်ရဲ့သွင်ပြင်က calssic ဆန်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြောင်း ထင်ဟပ်နေတယ်။

 

ဘားရတ်အိုဘားမားဟာ အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲ့ဒီအချိန်တည်းက မစ်ရှဲလ်ဟာ အမျိုးသမီးထုရဲ့ လေးစားစရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာတယ်။ မစ်ရှဲလ်အိုးဘားမားဟာ သမ္မတကတော်တစ်ဦးရဲ့ အရှိန်အဝါကို ကျော်လွန်ပြီး ထက်မြက်တဲ့အမျိုးသမီးတစ်ဦးအဖြစ်နဲ့ လေးစားမှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။

Source : Indiatoday

Share

Loading Next Article...
က္က