In partnership with  logo
EDM ဖွင့်တဲ့ DJ သမားတွေ များပါတယ်။ ဒါပေမဲ့ သူမကတော့ Techno music တွေကိုပဲ ဖွင့်နေတဲ့ ကောင်မလေးပါ။

Nakadia Mungphanklang ဟာ ကမ္ဘာကျော် မိန်းကလေး DJ သမားတွေထဲက တစ်ယောက်ပါ။ ထိုင်းနိုင်ငံ Isaan ခရိုင်က သေးငယ်တဲ့ရွာလေးတစ်ခုမှာ Nakadia တစ်ယောက် မွေးဖွားကြီးပြင်းခဲ့ရတယ်။ အစ်ကိုကြီးဆီက စတီရီယိုလေးယူပြီး အိမ်နီးချင်းတွေကြားအောင် ခပ်ကျယ်ကျယ်လေးဖွင့်ပေးတတ်တဲ့အကျင့်က DJ သမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့တော့ သူက မထင်ခဲ့ဘူး။

ခုချိန်မှာတော့ Nakadia ဟာ စိတ်လှုပ်ရှားဖွယ် techno music တွေကို ဖန်တီးပေးနေတဲ့ DJ တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ရေရှားပါးပြီး မွဲတေနေတဲ့ ရွာငယ်လေးမှာ မွေးဖွားခဲ့ရတဲ့ Nakadia တစ်ယောက် ခုလိုမျိုး ကမ္ဘာပတ်ပြီး DJ ဖွင့်နေရလိမ့်မယ်လို့တော့ ဘယ်သူက ထင်ခဲ့မှာလဲ။ အသက် ၁၅ နှစ်မှာ ရွာနဲ့နီးတဲ့ Korat မြို့လေးကို ပြောင်းခဲ့တယ်။ တိုက်ခန်းလေးတစ်ခန်းထဲမှာ မိန်းကလေး ၆ ယောက် စုနေခဲ့ပြီး အင်တာနက်ဆိုင်နဲ့ ညဆို ကလပ်တွေမှာ အလုပ်လုပ်ခဲ့တယ်။

နောက်တော့ မော်ဒယ်အလုပ်နဲ့ Frankfurt မြို့ကို ခရီးသွားရတယ်။ အဲ့ဒီမှာ အမျိုးသမီး DJ သမား Marusha ကို မြင်သွားပြီး သူမရဲ့စိတ်ဆန္ဒအမှန်ကို နားလည်သွားတယ်။ " သူက ကပွဲကြမ်းပြင်မှာ DJ ဖွင့်နေတဲ့မြင်ကွင်းက ကျွန်မဘဝကို ပြောင်းလဲစေခဲ့တယ်။ ကျွန်မ ဘာအတွက်မွေးဖွားလာသလဲဆိုတာ သိခဲ့တယ်။ ကျွန်မက DJ ဖြစ်လာဖို့ မွေးလာတာ" လို့ Nakadia က ပြောတယ်။

ဒါပေမဲ့ DJ တစ်ယောက်ဘဝကို လွယ်လွယ်နဲ့ ရောက်လာတာတော့မဟုတ်ဘူး။ ထိုင်းနိုင်ငံမှာ သူမကို ဘယ်သူကမှ သင်ကြားပြသမပေးခဲ့ကြဘူး။ ကိုယ့်ဘာသာ သင်ယူလေ့လာနေခဲ့ရတယ်။ နောက်တော့ ဂျာမနီကို ပြန်သွားပြီး Braunschweig တက္ကသိုလ်မှာ ၃ လဆက်တိုက် မရပ်မနား လေ့ကျင့်ခဲ့တယ်။ ထိုင်းကို ပြန်သွားတော့ ယောက်ျားလေး DJ တွေ ကြားထဲမှာ Nakadia အတွက် နေရာရဖို့ခက်ခဲ့တယ်။  တကယ်လည်း အလုပ်ရရော လူတွေက သူမရဲ့ techno music ကို ခံစားရမယ့်အစား သူမကိုပဲ လာကြည့်ကြတာ များတယ်။

 

ဆက်စီကျတဲ့ အပြင်အဆင်တွေကို ပြောင်းလဲလိုက်တယ်။ Nakadia ဟာ သူမကို ကြည့်တာထက် သူမရဲ့ techno music တွေမှာ လူတွေ ပျော်နေကြတာပဲ လိုချင်တာ။ နောက်တော့ ဘာလင်ကို ပြောင်းရွှေ့ အခြေချပြီး ကမ္ဘာပတ်ကာ DJ သမားအဖြစ်နဲ့ သူမရဲ့ဘဝကို တည်ဆောက်နေပါတယ်။ ခုဆိုရင် ထိုင်းမှာလည်း အမျိုးသမီး DJ သမားတွေ အများကြီး ပေါ်လာနေပါပြီ။ သင်တန်းကျောင်းတွေလည်း ပေါ်လာနေပါပြီ။ အမျိုးသမီး DJ တွေနဲ့ သင်တန်းတွေ မရှိခင်တည်းက ကိုယ်တိုင်လေ့လာသင်ယူပြီး ကမ္ဘာကျော် DJ တစ်ယောက် ဖြစ်လာခဲ့တဲ့ Nakadia Mungphanklang ဟာ DJ တစ်ဦးအဖြစ်နဲ့ ရပ်တည်လိုတဲ့ မိန်းကလေးတို့ရဲ့ အားကျစရာလူတစ်ယောက်လည်း ဖြစ်လို့နေပါတယ်။

Source : Culture Trip

Share

Loading Next Article...
က္က