ဟောလိဝုဒ်မင်းသမီး နာတာလီ ပို့တ်မန်း (Natalie Portman) ဟာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေကို အသုံးမပြုတဲ့လူတစ်ယောက်ပါ။ ဖေ့စ်ဘုတ်၊ တွစ်တာ စတဲ့ လူကြိုက်များလှတဲ့ လူမှုကွန်ရက်တွေကိုသုံးရင် သူမရဲ့အောင်မြင်မှုကို ပိုမိုကြီးမားလာစေမှာ မှန်ပေမဲ့ အသုံးမပြုခဲ့ဘူး။ ခုချိန်မှာတော့ နာတာလီဟာ အမျိုးသမီးတွေအတွက် ကောင်းတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လူမှုကွန်ရက်ကို စတင်အသုံးပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အင်စတာဂရမ်ကို စတင်ဖွင့်လိုက်တာပါ။

play

 

ဒါဟာ သူမရဲ့ တစ်ခုတည်းသော လူမှုကွန်ရက်အကောင့်လည်း ဖြစ်ပါတယ်။ လူမှုကွန်ရက်သုံးရတာ စိတ်မဝင်စားတဲ့ နာတာလီဟာ ခုလိုမျိုး အင်စတာဂရမ်အကောင့်ဖွင့်ရခြင်းက Time's Up ကို လူသိများလာစေဖို့အတွက် ဖြစ်တယ်လို့ ဖော်ပြထားတယ်။ Time's Up ကို ဟောလိဝုဒ်က အမျိုးသမီးအနုပညာရှင် ၃၀၀ က စတင်ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်ထဲက လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုတွေကို တိုက်ဖျက်ချေမှုန်းဖို့အတွက် ရည်ရွယ်ထားပါတယ်။

 

"Time’s up on silence. Time’s up on waiting. Time’s up on tolerating discrimination, harassment or abuse," လို့ ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်နဲ့အတူ သူမရဲ့ follower တွေကို ငွေကြေးလှူဒါန်းဖို့ တိုက်တွန်းထားပါတယ်။ Time's Up လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံရသူတွေ ဥပဒေရေးအရ ဖြေရှင်းဖို့အတွက် ငွေကြေးမတတ်နိုင်သူတွေကို ကူညီထောက်ပံ့ပေးဖို့ ရည်ရွယ်ပါတယ်။

play

 

Time's Up ပရော့ဂျက်ကို တနင်္လာနေ့ထုတ် The New York Times သတင်းစာမှာ စာမျက်နှာပြည့် ဖော်ပြသွားခဲ့ပါတယ်။ Time's Up ပရော့ဂျက်မှာ ရာနဲ့ချီတဲ့ အမျိုးသမီးသရုပ်ဆောင်တွေ၊ အမျိုးသမီးဒါရိုက်တာတွေ၊ စာရေးဆရာတွေ၊ ထုတ်လုပ်သူတွေ၊ အေးဂျင့်တွေနဲ့ ရုပ်ရှင်မန်နေဂျာတွေ ပါဝင်ပါတယ်။ စတင်သူတွေထဲမှာ နာတာလီပို့တ်မန်း၊ ရီးစ် ဝစ်သာစပွန်း၊ ကိတ် ဘလန်းချတ်၊ အီဗာ လောင်းဂိုရီယာနဲ့ အမ်မာစတုန်းတို့လို ထိပ်တန်းမင်းသမီးတွေ ပါဝင်ပါတယ်။

Source : Bazaar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video