In partnership with  logo
ကိုယ်မလိုချင်တာကို ငြင်းဆန်တဲ့အတွက် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ မဖြစ်တော့ဘူး။ မကောင်းတဲ့လူတွေနဲ့လည်း ဝေးသွားစေတယ်။

အကောင်းမြင်ဖို့ ပြောနေချိန်မှာ No လို့ ပြောတတ်ဖို့ လိုတယ်လို့ မဒီက ပြောလိုက်တဲ့အခါ ဘာကိုနိုးလို့ ပြောရမှာလဲလို့ တွေးမိကြမှာပဲနော်။ မိန်းကလေးတွေဟာ No ဆိုတဲ့စကားကို မကြာခဏပြောတတ်မှ ဖြစ်မှာပါ။ ငြင်းဆန်စရာတွေကို ငြင်းဆန်မှသာ ကိုယ့်ကိုယ်ကိုယ်ချစ်ရာလည်းရောက်တယ်။

 

ဘယ်လိုအချိန်တွေမှာ ငြင်းဆန်ကြမလဲ

ကိုယ့်ချစ်သူကဖြစ်စေ တခြားတစ်စုံတစ်ယောက်ကဖြစ်စေ ကိုယ့်အပေါ်ကို လိင်ပိုင်းဆိုင်ရာ ထိပါးလာတာကို ကိုယ့်ဘက်က လက်မခံချင်ရင် ငြင်းဆန်ပစ်ပါ။ အကြမ်းဖက်မှုတွေ၊ ထိပါးနှောင့်ယှက်မှုတွေ၊ စော်ကားတာတွေကို ငြင်းဆန်ရပါမယ်။ ဒါဟာ သနားစရာ အားနာစရာ လုံးဝမလိုဘူး။ ကိုယ့်ဘက်က ဆန္ဒမရှိဘူးဆိုရင် ငြင်းပစ်ရမယ်။ အတင်းအကျပ် ဖိအားပေး တောင်းဆိုလာရင်လည်း လက်မခံပါနဲ့။ ကိုယ်မလိုချင်တဲ့အရာ၊ မလုပ်ချင်တဲ့အရာကို ငြင်းပစ်ဖို့လိုပါတယ်။

 

ငြင်းဆန်လိုက်ရင် ဘာဖြစ်သွားမလဲ

ငြင်းဆန်လိုက်လို့ ဆိုးကျိုးအနေနဲ့ ဘာမှ ဖြစ်လာစရာမရှိပါဘူး။ ကိုယ့်ဘက်က ငြင်းဆန်မှုကြောင့် သူက မကြည်ဖြူဘူးဆိုလည်း အဲ့လိုလူမျိုးကို မနှမျောပါနဲ့။ ခုချိန်မှာတည်းက ကိုယ့်အပေါ် အနိုင်ယူချင်ရင် နောက်ဆို ပိုဆိုးဖို့ပဲ ရှိပါလိမ့်မယ်။ မိန်းကလေးတွေဟာ စိတ်ဓာတ်ပျော့ညံ့နေလို့ မဖြစ်ဘူးနော်။

 

ငြင်းဆန်တတ်ခြင်းရဲ့ ကောင်းကျိုးတွေက

ကိုယ်မလိုချင်တာတွေကို ငြင်းဆန်မှ လိုချင်တာတွေ ရလာမှာပါ။ ကိုယ်မလိုချင်တာကို ငြင်းဆန်တဲ့အတွက် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ မဖြစ်တော့ဘူး။ မကောင်းတဲ့လူတွေနဲ့လည်း ဝေးသွားစေတယ်။ သတ္တိရှိရှိနဲ့ ငြင်းဆန်မှ ကိုယ့်ရဲ့စိတ်ဓာတ်ကလည်း ပိုခိုင်မာလာမယ်။ ကိုယ်လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်လာဖို့ုဆိုတာ စိတ်ဓာတ်ခိုင်မာနေဖို့ လိုပါတယ်နော်။

Share

Loading Next Article...
က္က