In partnership with  logo
ရှောက်လုံးပေါင်း အစားအစာအကြောင်းကိုလည်း လေ့လာခွင့်ရမှာပါ

Disney Pixar ကုမ္ပဏီဟာ Bao အမည်ရတဲ့ ကာတွန်းဇာတ်လမ်းလေးရဲ့ နမူနာဗီဒီယိုကို စတင်ထုတ်လွှင့်လိုက်ပါပြီ။ အဲ့ဒီကာတွန်းကိုတော့ တရုတ်-ကနေဒီယန်နွှယ်ဖွား အမျိုးသမီးဒါရိုက်တာ Domee Shi က ရိုက်ကူးထားတာဖြစ်ပါတယ်။ ကာတွန်းအန်နီမေးရှင်းလောကရဲ့ အကြီးဆုံးကုမ္ပဏီကနေပြီးတော့ အန်နီမေးရှင်းရုပ်ရှင်အတွက် ပထမဆုံးအမျိုးသမီးဒါရိုက်တာကို ခန့်အပ်ပွဲထုတ်လိုက်တာလည်း ဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းလေးကတော့ ရိုးရှင်းပြီး ချစ်စရာကောင်းပါတယ်။ အသက်ကြီးရင့်လာတဲ့ အထီးကျန် တရုတ်မိခင်တစ်ဦးဟာ empty nest syndrome လို့ ခေါ်တဲ့ စိတ်ကျရောဂါတစ်မျိုး ခံစားနေရတာပါ။ အရွယ်ရောက်လာတဲ့ ကလေးတွေက အိမ်ကိုစွန့်ခွာသွားချိန်မှာ မိဘတွေ ခံစားရတဲ့ အထီးကျန်ဝမ်းနည်းမှု စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။

 

အဲ့လိုအထီးကျန်နေတဲ့ အမျိုးသမီးကြီးဟာ အိမ်လုပ်ဖက်ထုပ်လေးတွေကိုလုပ်ရင်း သူမရဲ့မိခင်ဘဝမှာ မထင်မှတ်ဘဲ ဒုတိယမြောက်အခွင့်အရေးကို ရရှိခဲ့ပါတော့တယ်။ " မိဘနဲ့သားသမီးကြားက ဆက်ဆံရေး အနိမ့်အမြင့်အတက်အကျတွေကို အရောင်စုံလင်စွာနဲ့ ထုတ်ဖော်ထားတယ်၊ ကနေဒါက တရုတ်ရွှေ့ပြောင်းအခြေချသူ အသိုင်းအဝိုင်းရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဖော်ပြထားတယ်" လို့ Pixar ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဒါရိုက်တာ Shi ရဲ့ မိခင်ဟာ ဒီကာတွန်းမှာ ယဉ်ကျေးမှုဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်နဲ့ ဆောင်ရွက်ပေးထားပါတယ်။ သူကလည်း တရုတ်-ကနေဒီယန် ရွှေ့ပြောင်းအခြေချသူတစ်ဦး ဖြစ်ပါတယ်။ ဟောလိဝုဒ်အနုပညာလောကမှာတော့ အာရှအနုပညာရှင်တွေကို နေရာပေးတာ နည်းပါးနေချိန် Pixar ကတော့ အာရှသူအမျိုးသမီးတစ်ဦးကို ဇာတ်လမ်းရိုက်ကူးဖို့ ပထမဆုံးအကြိမ်ပေးအပ်လိုက်တာလည်း ဖြစ်ပါတယ်။

Source : BBC

Share

Loading Next Article...
က္က