In partnership with  logo
 

ဟောလိဝုဒ်အနုပညာရှင်အများစုပါဝင်တဲ့ အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာစော်ကားမှုဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ Times Up လှုပ်ရှားမှုမှာပါဝင်တဲ့ အနုပညာရှင်တွေက အမေရိကန် R&B တေးသံရှင် R Kellyကို လိင်အရှုပ်တော်ပုံကိစ္စကြောင့်ဆန့်ကျင်ဖို့ #MuteRKellyဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

R Kellyတို့ဘက်က ထုတ်ပြန်ချက်ထဲမှာတော့ R Kellyဟာ Times Up လှုပ်ရှားမှုနဲ့ အမျိုးသမီးအခွင့်အရေးကို ထောက်ခံကြောင်းဖော်ပြထားပါတယ်။

Times Up ရဲ့ အခွဲတစ်ခုဖြစ်တဲ့ အမျိုးသမီးအဖွဲ့ Wowmen in Colour, WOC အဖွဲ့နေ #MuteRkelly ဆိုတဲ့ကမ်ပိန်းကို အခုအခါမှာတော့ အင်တာနက်ပေါ်မှာ ထောက်ခံသူ ၆၅၀၀၀ရှိပြီး ၇၀၀၀၀အထိရဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။ #MuteRKelly ကမ်ပိန်းက R Kelly နဲ့ လက်ရှိမှာ အကျိုးတူစီးပွားဖက်တွေကို သူနဲ့ ဆက်မလုပ်ဖို့ စည်းရုံးထားတာဖြစ်ပါတယ်။

 

နာမည်ကျော် ဂီတပညာရှင် John Legend လည်း အဲဒီ #MuteRKelly ကို ထောက်ခံသူတွေမှာ ပါဝင်ပါတယ်။

အဆိုတော် RKellyဟာ ၂၀၀၈ခုနှစ်က အသက် ၁၄နှစ်အရွယ်မိန်းကလေးတစ်ဦးနဲ့ အတူနေခဲ့တဲ့ sex tape ဗွီဒီယို ပြန့်ခဲ့မှုကြောင့် ပြစ်မှု ၁၄ခုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့နှစ်ကလည်း သူ့ကို မိန်းကလေးငယ်လေးတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။

 

R Kelly ရဲ့ ရည်းစားဟောင်း Kittie Jones ကလည်း သူတို့နှစ်ယောက်တွဲခဲ့တဲ့ ၂၀၁၁ကနေ ၂၀၁၃ အထိအချိန်တွေမှာ R Kelly ဘက်က စော်ကားမှုတွေရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

Share

Loading Next Article...
က္က