In partnership with  logo
ခင်ပွန်းသည် ရုတ်တရက်ဆုံးသွားလို့ ကလေးနှစ်ယောက်နဲ့ကျန်ခဲ့ရပေမဲ့ Option B ဆိုတဲ့ စာအုပ်ကိုပါ ရေးသားပြီး ကိုယ့်ကိုယ်ကိုယ်အားတင်းခဲ့သူလေ။

Sheryl Sandberg ဆိုတာ အမျိုးသမီးတွေအရေး တက်ကြွလှုပ်ရှားသူ၊ ဦးဆောင်သူ အမျိုးသမီးဝါဒီသမားလို့ သိကြတယ်။ ဖေ့စ်ဘုတ်ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်။ COO ရာထူးကို ၂၀၀၈ ခုနှစ်ကနေ ခုချိန်ထိ တာဝန်ယူထားတယ်။ ရှယ်ရီဟာ အမျိုးသမီးတွေအတွက် စံနမူနာထားစရာ ပုဂ္ဂိုလ်တစ်ဦးပါ။ ကိုယ်တိုင်လည်း ကြိုးစားသလို အမျိုးသမီးတွေ ထူးချွန်ထက်မြက်လာအောင်လည်း အမြဲတမ်း အားပေးတိုက်တွန်းတယ်။ သူပြောခဲ့တဲ့ စကားတွေထဲက အားတက်စရာ စကားတွေကို ကြည့်ကြည့်ပါဦး။

 

၁။ " ခေါင်းဆောင်မှုဆိုတာ ရယူတဲ့သူအတွက်ပဲ ထိုက်တန်တာ"

နေရာတစ်နေရာရဖို့အတွက် ထိုက်တန်တဲ့ပေးဆပ်မှုတွေ လုပ်ရတယ်လေ။ ကိုယ်က ခေါင်းဆောင်ဖြစ်ချင်ရင် ခေါင်းဆောင်တစ်ဦးရဲ့ စိတ်နေစိတ်ထားနဲ့ အားထုတ်မှုတွေ လုပ်ရမှာပေါ့။ ကိုယ့်အတွက် ထိုက်တန်တဲ့နေရာဆိုတာ ကိုယ့်အားထုတ်မှုပေါ်မှာပဲ ရာနှုန်းပြည့်မူတည်တယ်ဆိုတာ ရှယ်ရီက သက်သေပဲ။

၂။ " အခွင့်အရေးတွေဆိုတာက ပေးအပ်ခံရတာ အရမ်းရှားတယ်။ အဲ့တာတွေက သိမ်းပိုက်ရတာ"

အခွင့်အရေးရဖို့ကို မျှော်နေမဲ့အစား ကိုယ်တိုင်က အခွင့်အရေးတွေကို ဖမ်းယူသူ ဖြစ်လာဖို့ သူက တိုက်တွန်းထားတာ။ လိုချင်တာရှိရင် ရအောင်ယူကြရမယ်မဟုတ်လား။

 

၃။ " အဲ့တာက ခက်ခဲတဲ့နေ့ရက်တွေပါ။ ကိုယ့်ရဲ့ဗဟိုအချက်အချာထိ ကိုယ်တိုင်စိန်ခေါ်ရတဲ့ အချိန်တွေက သင်ဘယ်သူလဲဆိုတာကို ဆုံးဖြတ်ပေးသွားမှာ"

ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ။ ခက်ခဲတဲ့အချိန်တွေမှာ စိတ်ပျက်အားလျော့မသွားဘဲ ကြိုးစားရမယ်။ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ရတာက အခက်ဆုံးပဲလေ။

၄။ " မင်းရရှိခဲ့တာတွေပေါ်မူတည်ပြီး သတ်မှတ်ခံရမှာသာမကဘူး မင်းဘယ်လိုမျိုး ရုန်းကန်ရှင်သန်ခဲ့တယ်ဆိုတာကိုပါကြည့်ပြီး သတ်မှတ်ခံရမှာ"

ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေမှာ ကိုယ်ဘယ်လိုမျိုး ရုန်းကန်ကျော်ဖြတ်ခဲ့လဲ? ရိုးရိုးသားသားနဲ့ ကြိုးစားနေခဲ့တာလား... သူများကို အကောက်ကြံတာမျိုးတွေ လုပ်ခဲ့လား။ လွယ်လွယ်ကူကူနဲ့ အရှုံးမပေးဘဲ ရင်ဆိုင်ကျော်ဖြတ်လာတာလားဆိုတာတွေက ကိုယ်ဘယ်လိုလူမျိုးဆိုတာ သတ်မှတ်ပေးမှာပါ။

 

၅။ " တစ်နေ့တစ်နေ့ ဘာတွေပဲ ကြုံခဲ့ပါစေ ကိစ္စမရှိဘူး။ ကျွန်မကတော့ ဂုဏ်ယူဝမ်းမြောက်စရာ တစ်ခုခုအကြောင်းကို တွေးပြီးတော့ အိပ်ရာဝင်တယ်။ အဲ့လိုမျိုး လုပ်ကြည့်ပါ"

ရှယ်ရီရဲ့ ဒီစကားလေးကို မဒီကတော့ အရမ်းသဘောကျတယ်။ မဒီတို့ နေ့စဉ်ဘဝမှာ အဆင်မပြေစရာတွေကလည်း များတယ်မဟုတ်လား။ စိတ်ညစ်ပြီး အိပ်ရာဝင်၊ တော်တော်နဲ့လည်း အိပ်မပျော်ဘူး။ နိုးလာရင်လည်း စိတ်မောလူမောနဲ့ တစ်နေ့တာအစက ခွန်အားတွေမရဘဲ နုံးချိနေမှာ။ အဲ့ဒီတော့ ကောင်းတာလေးတွေကိုပဲ ရှာဖွေပြီး အာရုံစိုက်ပါလို့ ရှယ်ရီက အကြံပေးထားတာပါ။ လိုက်လုပ်ကြည့်ကြမယ်လေ။

Share

Loading Next Article...
က္က