In partnership with  logo
လစဉ်ရာသီလာတဲ့အချိန်တွေဟာ ကျန်းမာသန့်ရှင်းနေဖို့တော့ အရေးကြီးပါတယ်။

Duwun ကို ဖတ်နေကြတဲ့ မဒီလေးတို့ထဲမှာ tempon သုံးတဲ့လူတွေ ရှိလားဟင်။ ဟိုတစ်နေ့က မဒီ့ကို ညီမလေးတစ်ယောက်ပြောတယ်။ ရာသီလာချိန်မှာ tempon သုံးရင် အပျိုရည်ပျက်နိုင်သလားတဲ့။

 

 ဒီမေးခွန်းကို မဖြေခင်မှာ tempon ဆိုတာကို အရင်ဆုံး ရှင်းပြချင်ပါတယ်နော်။ Tempon ဆိုတာ ရာသီလာချိန်မှာ မိန်းမကိုယ်ထဲကို ထည့်ထားရတဲ့ ဂွမ်းတောင့်လေးပါ။ ဂွမ်းထုပ် (Pad) နဲ့ အဝတ်စတွေကို ခံထားရတာထက် ပိုပြီး သက်တောင့်သက်သာရှိပါတယ်။ ၃ နာရီတစ်ကြိမ် ပုံမှန်လဲပေးရင် ယိုစိမ့်မှုလည်း မရှိတာကြောင့် လုံခြုံတယ်လို့လည်း ပြောရမယ်။

 

မိန်းမကိုယ်ထဲကို ထိုးသွင်းထားရတဲ့အတွက် အပျိုရည်ပျက်သွားမလားလို့ မိန်းကလေးအတော်များများက စိုးရိမ်ကြပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းက အမြှေးပါးလေး ပေါက်ပြဲသွားလို့ အပျိုရည်ပျက်တာမှာကို ကြောက်ကြတယ်။ အဲ့ဒီအမြှေးပါးလေးဟာ မြင်းစီးတာ၊ စက်ဘီးစီးတာလိုမျိုး လှုပ်ရှားမှုတွေလုပ်ရင်လည်း ပေါက်ပြဲတတ်ပါတယ်။ အဲ့လိုပေါက်ပြဲတာနဲ့ အပျိုမဟုတ်တော့ဘူးလို့ ပြောလို့မရဘူး။ ယောက်ျားတစ်ယောက်နဲ့ အင်္ဂါချင်းထိုးသွင်းဆက်ဆံတော့မှသာ အပျိုရည်ပျက်တာပါ။

 

Tempon က မိန်းမကိုယ်ရဲ့ ဟိုးအတွင်းထဲထိ ထိုးသွင်းရတာလည်း မဟုတ်ပါဘူး။ အဝမှာတင် ထည့်ထားရတာပါ။ ပုံမှန်အားဖြင့်တော့ ဆိုဒ် ၃ မျိုး လာပါတယ်။ အကြီး၊ အသေးကို ကိုယ်နဲ့အဆင်ပြေတာကို ရွေးနိုင်တယ်။ Tempon ကြောင့် မိန်းမကိုယ်တွင်းက အမြှေးပါးကို (တစ်ခါတစ်ရံမှသာ) ထိမိနိုင်ပေမဲ့ အပျိုရည်ပျက်စရာ မရှိပါဘူးနော်။ ဓမ္မတာလာချိန်မှာ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင်နေဖို့ကသာ အရေးကြီးဆုံးပါပဲ။ သန့်ရှင်းမှုမရှိမှသာ ရောဂါပိုးတွေ ဝင်နိုင်တာကြောင့် ဂွမ်းတောင့်၊ ဂွမ်းကပ် ... အဆင်ပြေရာကို သုံးသင့်ပါတယ်။

Share

Loading Next Article...
က္က